မြန်မာ​အာဏာပိုင်​တွေ လူ့​အခွင့်​အရေး​လေးစား​ဖို့ ကု​လ​သံ တိုက်တွန်း

  • 30 အောက်တိုဘာ 2015
yanghee_lee_ ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာ နိုင်ငံမှာ အခြေခံ ဥပဒေ အပါအဝင် ဥပဒေ ပိုင်း ဆိုင်ရာ ပြင်ဆင် ပြောင်းလဲမှု တွေ လုပ်ဖို့ လိုအပ်။

မြန်မာ နိုင်ငံမှာ ကျင်းပတော့မယ့် သမိုင်းဝင် ရွေးကောက်ပွဲ အတွက် အလိုအပ်ဆုံး အရာဟာ အာဏာပိုင် အဖွဲ့အစည်း တွင်း က သူတွေ အနေနဲ့ မြန်မာ နိုင်ငံသား အားလုံးရဲ့ လူ့ အခွင့်အရေး ကို လေးစား လိုက်နာ ကြဖို့ ဖြစ်တယ် လို့ ကုလ သမဂ္ဂ ရဲ့ မြန်မာနိုင်ငံ အတွက် လူ့အခွင့် အရေး ဆိုင်ရာ ကိုယ်စားလှယ် ရန်ဟီးလီ က ပြောလိုက် ပါတယ်။

မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ ဘာသာရေး နဲ့ အမျိုးသားရေး အစွန်းရောက် လှုပ်ရှား မှုတွေ တိုးတက် ဖြစ်ပေါ်လာ နေတာတွေဟာ ဒီမိုကရေစီ အရေး အတွက် စိုးရိမ်ဖွယ် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အမေရိကန် နယူးယောက် မြို့တော် မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ မြန်မာ နိုင်ငံ ရဲ့ လူ့ အခွင့်အရေး အခြေ အနေ ကြောင်း အောက်တိုဘာ ၂၈ ရက် ဗုဒ္ဓဟူးနေ့ က အစီရင်ခံ ခဲ့ပြီး နောက် တစ်နေ့ မှာပဲ မစ္စ ရန်ဟီးလီ က အခုလို ပြောဆို လာတာ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲ မှာ မွတ်ဆလင်မ် တွေကို ကိုယ်စားလှယ် လောင်း ဖြစ်ခွင့် ငြင်းပယ် ခံ ခဲ့ရတဲ့ အပေါ် မှာ လည်း စိုးရိမ် တယ် လို့ မစ္စရန်ဟီးလီ က ပြောခဲ့ပြီး အရပ်ဖက် လူမှု အဖွဲ့အစည်း နဲ့ စာနယ်ဇင်း သမားတွေ တွေ အပေါ် ဖမ်းဆီး၊ တရားစွဲဆို၊ ခြိမ်းခြောက် နေတာ တွေ ကိုလည်း အမြန်ဆုံး ရပ်ဖို့ တောင်းဆို ခဲ့ ပါတယ်။

ရိုဟင်ဂျာ အသိုင်းအဝိုင်း အနေနဲ့ ဆက်လက်ပြီး ခွဲခြား ဆက်ဆံ ခံ နေရသလို မြေသိမ်း ယာသိမ်း အမှု တွေ လည်း ဆက်လက် ဖြစ်ပေါ် နေတယ် လို့လည်း မစ္စရန် က ပြောဆို ခဲ့ ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ နဲ့ စံညွှန်းစံထား တွေ နဲ့ ကိုက်ညီ ဖို့ဆိုရင် မြန်မာ နိုင်ငံမှာ အခြေခံ ဥပဒေ အပါအဝင် ဥပဒေ ပိုင်း ဆိုင်ရာ ပြင်ဆင် ပြောင်းလဲမှု တွေ လုပ်ဖို့ လိုအပ်နေတာ အထင်အရှား ဖြစ်တယ် လို့လည်း မစ္စရန်ဟီးလီ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ