ရိုမေးနီးယား နိုက်ကလပ်မီး ၂၇ဦးသေဆုံး

  • 31 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters

ရိုမေးနီးယား နိုင်ငံမြို့တော် ဘူခါရက်စ်က နိုက်ကလပ်တစ်ခုမှာ သောကြာနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂၇ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူအများစုဟာ ဆယ်ကျော်သက်အရွယ်တွေနဲ့ ငယ်ရွယ်သူတွေအများစုဖြစ်ကြပါတယ်။ မီးလောင်မှုဖြစ်ပွားချိန် မီးလွတ်ရာထွက်ပြေးဖို့ကြိုးစားကြပေမယ့် ထွက်ပေါက်တွေပိတ်ပြီးသေဆုံးခဲ့ကြတာပါ။

ဒဏ်ရာရတဲ့ သူ ၁၅၅ဦးကိုလည်း ဆေးရုံတွေပေါ်မှာ အရေးပေါ်ကုသမှုပေးထားရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ရက်အရာဖက်ကပြောပါတယ်။ ကလပ်အပြင်ဘက်မှာဖေါက်တဲ့ မီးရူးမီးပန်းတွေကတဆင့်ကူးဆက်ပြီး မီးလောင်မှုဖြစ်ပွားရတယ်လို့ လတ်တလောက်ကောက်ချက်စွဲထားပါတယ်။