ရုရှလေယာဉ်ပေါ်ပါသူ အားလုံး အသက်ဆုံး

  • 31 အောက်တိုဘာ 2015

ရုရှလေကြောင်းပိုင် လေယာဉ်တစ်စီး အီဂျစ် စိုင်းနိုင်းကျွန်းဆွယ်အပေါ်မှာ ပျက်ကျပြီး လေယာဉ်ပေါ်ပါသူ ၂၂၄ဦးစလုံး သေဆုံးခဲ့ပါတယ်။

ခရီးသည်၂၁၇ယောက်မှာ ယူကရိန်းနိုင်ငံသား၃ဦးသာပါဝင်ပြီး ကျန်တဲ့သူတွေအားလုံးက ရုရှနိုင်ငံသားတွေဖြစ်တယ်လို့ အီဂျစ်ဝန်ကြီးချုပ်ရုံးကအတည်ပြုပြောကြားခဲ့ပါတယ်။ ရုရှလေကြောင်းလိုင်း ကိုဂါလီမာဗီယာပိုင် အဆိုပါ လေယာဉ်ဟာ ရှမ်အယ်လ်ရှိတ် အပန်းဖြေကျွန်းကနေ ရုရှနိုင်ငံ စိန့်ပီတာစ္စဘက်မြို့ကို ဦးတည်ပျံသန်းရင်းပျက်ကျ ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ကို အကြမ်းဖက်သမားတွေက ပစ်ချတာဖြစ်နိုင်တယ်ဆိုတဲ့သတင်း တွေလည်းထွက် ပေါ်နေပါတယ်။ ဘာကြောင့်လေယာဉ်ပျက်ရတယ်ဆိုတာ တရားဝင်စုံစမ်းစစ်ဆေးဖို့ရုရှသမ္မတ ဗလာ ဒီမာပူတင်က အမိန့်ထုတ်ပြန်ထားပါတယ်။ လေယာဉ်ပေါ်က ခရီးသည်၂၁၇ဦး မှာ ခလေး၁၇ဦးနဲ့ လေယာဉ်အမှုထမ်း ၇ဦးပါတယ်လို့ ရုရှဘက်က အတည်ပြု ထားပါတယ်။