နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆူးလေမှာ တောင်းဆို

  • 31 အောက်တိုဘာ 2015
Image caption ဆူးလေမှာ နိုင်ငံရေး အကျဉ်းသား တွေလွှတ်ဖို့ ဆုတောင်း

သာယာဝတီထောင်မှာ ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်းနဲ့ ကျောင်းသာ (၃)ဦး အစာငတ်ခံ ဆန္ဒပြနေကြတာကို ထောက်ခံတဲ့ အကြောင်း၊ ကျောင်းသား တွေကို ဆက်လက် ဖမ်းဆီး နေတာတွေကိုလည်း ရပ်တန့်ဖို့ ဆုတောင်းတာ ဖြစ်ကြောင်း ရွေဝါရောင် သံဃာတော်များ ကွန်ရက်က ဦးစန္ဒာသီရိက ဘီဘီစီ ကို ပြောပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာ မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆို ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေ ပါဝင်နိုင်ဖို့ အခုလို လမ်းလျှောက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မကြာခင်ကပဲ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပညာရေး ဥပဒေ ပြင်ဆင်ဖို့ ဆန္ဒပြ တောင်းဆို ခဲ့ကြတဲ့ ကျောင်းသားတွေကို လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန် ဆီကို မေတ္တာရပ်ခံ တောင်းဆို ထားတာလည်း ရှိပါတယ်။

အဲဒီနောက်မှာပဲ တိမ်းရှောင်ထွက်ပြေး နေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဌ ကျော်ကိုကို ကို ဖမ်းဆီးခံခဲ့ ရပါတယ်။

ပညာရေး ဥပဒေ ပြင်ဆင်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးနဲ့ ပါတ်သက်ပြီး အမှုရင်ဆိုင်နေရတဲ့ လူ အယောက် (၅၀၀) နီးပါး ရှိပြီး အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား အယောက် (၁၀၀) ခန့် ရှိကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ