တိုင်းရင်းသား ဒေသတွေ မှာ မြေသိမ်းမှု ပြဿနာ ကြီးမား

  • 1 နိုဝင်ဘာ 2015
88_land_grabbing
Image caption တိုင်းရင်းသား ဒေသတွေ မှာ မြေသိမ်မှု ပြဿနာ ကြီးမား အစိုးရ နဲ့ စစ်တပ် က ထုတ်ပြန် ခဲ့ သမျှ မြေ ပမာဏ တွေ ဟာ မူလ ပိုင်ရှင် တွေ ဆီကို ပြန်ရောက် တာထက် စာရင် တခြားသူ တွေ လက်ထဲ ရောက်ရှိ ကုန်တာ များ

တိုင်းရင်းသား ဒေသတွေ မှာ အစိုးရ နဲ့ စစ်တပ် တို့ က ပြုလုပ် ထားတဲ့ မြေယာ သိမ်းဆည်းမှု ပြဿနာ ဟာ တစုံတရာ အတိုင်းအတာ ထိအောင် ဖြေရှင်း နိုင်တာ မျိုး မရှိပဲ အင်မတန် ကြီးမား နေတဲ့ ပြဿနာ ဖြစ်တယ် လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ထုတ်ပြန် လာပါတယ်။

ပြည်နယ် တွေ မှာ ဖြစ်ပေါ် နေတဲ့ မြေယာ အသိမ်းခံ ရတဲ့ အဖြစ် တွေ ကို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရဲ့ လယ်ယာ စီးပွားနှင့် တောင်သူ လယ်သမားရေးရာ ဌာန ကနေ "တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည် " ဆိုပြီး စာတမ်း တစ်စောင် ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

အဲဒီ့ စာတမ်း ထဲမှာ သိမ်းဆည်းခံ မြေဧက ၄ သိန်း ဝန်းကျင် အကြောင်း ကို သုတေသန လုပ် ထားခဲ့ ပမယ့် တတိုင်း ပြည်လုံး အနှံ့ နဲ့ ယှဉ်ရင် ၁၀ ပုံ ၁ ပုံ ပမာဏ လောက် သာ ရှိတယ် ဆိုပြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) က တောင်သူ လယ်သမားရေး ဒုတိယ တာဝန်ခံ ကိုမျိုးသန့် က ဘီဘီစီ ကို ပြောပါတယ်။

သိမ်းဆည်း မြေ တွေ ကို ပြန်ပေး တယ် ဆိုပြီး အစိုးရ နဲ့ စစ်တပ် က ထုတ်ပြန် ခဲ့ သမျှ မြေ ပမာဏ တွေ ဟာ မူလ ပိုင်ရှင် တွေ ဆီကို ပြန်ရောက် တာထက် စာရင် တခြားသူ တွေ လက်ထဲ ရောက်ရှိ ကုန်တာ များတာကို တွေ့ရှိ ထားရတယ် လို့လည်း ကိုမျိုးသန့် က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော် စီမံကိန်း အနေနဲ့ သိမ်းပြီး ကုမ္ပဏီ တွေ ကို လက်လွှဲ ပြောင်း ပေးတဲ့ အခါ မူလ က ကြေညာ ထားတဲ့ စီမံကိန်း အတိုင်း အကောင်းအထည် ဖော် မဆောင်ရွက်တာ ကလည်း ၉၀% လောက် ရှိတယ် လို့ ဆိုပါတယ်။

တိုင်းရင်းသား ဒေသတွေ မှာ စိုက်ပျိုးမြေ တွေ အပြင် တဆက်တစပ် တည်း ရှိနေတဲ့ မြေနေရာ တွေ ကိုပါ အကုန် သိမ်းယူတဲ့ အခါ စိုက်ပျိုးမြေ တွေ ကိုသာ သိမ်းဆည်း မြေ အဖြစ် လျော်ကြေး ပေးပြီး ကျန် မြေနေရာ တွေ ကိုတော့ သစ်တော နဲ့ မြေလွတ်မြေရိုင်း တွေ အဖြစ် သတ်မှတ်တာ ဖြစ်တယ်လို့ ကိုမျိုးသန့်က ပြောပါတယ်။

ဒါ့ဟာ ဒေသခံ တွေ ရဲ့ ဓလေ့ ထုံးထမ်း ဆိုင်ရာ မြေယာ ပိုင်ဆိုင်မှု ကို အစိုးရက အသိအမှတ် မပြုတာ ဖြစ်တယ်လို့ ကိုမျိုးသန့်က ဝေဖန် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ