အပြောင်း​အလဲ​အတွက် အခွင့်​အရေး​

  • 2 နိုဝင်ဘာ 2015
_dassk_nld
Image caption ဒီမိုကရေစီ အပေါ် လိုလားတဲ့ စိတ်ဓာတ် ရှိနေကြတာဟာ လူသားများရဲ့ မွေးရပါ အမှန်ကို နှစ်သက်တဲ့ ဆန္ဒကြောင့် ဖြစ်တယ်။

နိုဝင်ဘာ ၈ ရက်နေ့ မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲ ဟာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ အတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်တယ် ဆိုတာကို ပြည်သူတွေ အနေနဲ့ နှလုံးသားထဲ စွဲမှတ် ထားကြပါ ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီ ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ထပ်လောင်း သတိ ပေးလိုက် ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏ မြို့ဦး စေတီကွင်း မှာ နိုဝင်ဘာ လ ၁ ရက်နေ့က ပြုလုပ် ခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ဟောပြော ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတွေ မျှော်မှန်း ထားကြတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ထူထောင် နိုင်ဖို့ အတွက် အခု ရရှိလာမယ့် အခွင့်အရေး ကို အမိအရ ကိုင်စွဲပြီး အသုံးပြု ဖို့ဟာ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးရဲ့ တာဝန် ဖြစ်တယ် ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစု ကြည် က တိုက် တွန်း ခဲ့ ပါတယ်။

ဒါ့အပြင် လူတိုင်း လူတိုင်း ဟာ ဒီမိုကရေစီ နဲ့ ထိုက်တန် ကြပြီး ပြည်သူ့ရဲ့ အုပ်ချုပ်ရေး လို့ အနက် အဓိပ္ပာယ် ရှိတဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားရပ် နဲ့ အညီ လူတိုင်း ထံမှာ ကိုယ်နေထိုင် တဲ့ လူ့ အသိုင်းအဝိုင်း နဲ့ ကိုယ် နေထိုင် တဲ့ နိုင်ငံ ရဲ့ အရေး တွေ မှာ ပါဝင် ပတ်သက် နိုင်တဲ့ အရည်ချင်းတွေ ရှိကြတယ် လို့ ဒေါ်အောင်ဆန်းစု ကြည် က ပြောပါတယ်။

ရာစုနှစ် ထက်ဝက်ကျော် အာဏာရှင် အောက်မှာ နေထိုင် ခဲ့ကြရပြီး ဒီမိုကရေစီ စံနစ်နဲ့ မကျွမ်းဝင် ခဲ့ကြရပေမယ့် ဒီမိုကရေစီ အပေါ် လိုလားတဲ့ စိတ်ဓာတ် ရှိနေကြတာဟာ လူသားများရဲ့ မွေးရာပါ အမှန်ကို နှစ်သက်တဲ့ ဆန္ဒကြောင့် ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ပြည်သူတွေ ရဲ့ ဆန္ဒ သဘောထား တွေ မပါဝင်ပဲ လုပ်ဆောင် တဲ့ ကိစ္စတိုင်းဟာ ရေရှည် မှာ အောင်မြင် နိုင်မှာ မဟုတ်တဲ့ အတွက် အခြေအနေ တွေ ကို တကယ် ပြောင်းလဲဖို့ လိုပြီ လို့ ပြောနေရတာ ဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းဆုကြည် က ဆိုပါတယ်။

သုဝဏ္ဏ မြို့ဦး စေတီကွင်း ဟောပြောပွဲကို လူတွေ သိန်းနဲ့ချီ ကွင်းလုံးပြည့်လျှံ တက်ရောက် ခဲ့ကြပြီး NLD ပါတီ ပြုလုပ်ခဲ့ သမျှ ဟောပြောပွဲတွေ မှာ လူအင်အား အများဆုံး တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ရွေးကောက်ပွဲရက် မတိုင်ခင် နောက်ဆုံး ပြုလုပ် ခဲ့တဲ့ လူထု မဲဆွယ် ဟောပြောပွဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ