ကလေးဝ နားမှာ ရေယာဉ် တစီး တိမ်းမှောက်

  • 1 နိုဝင်ဘာ 2015
chindwin ဓာတ်ပုံ မူပိုင် AP
Image caption ချင်းတွင်း မြစ်ကြောင်းသွား ရေယာဉ် တစီး

စစ်ကိုင်းတိုင်း ချင်းတွင်း မြစ် ကမ်းက ကလေးဝ မြို့ နားမှာ တနင်္ဂနွေ မနက် လင်းအားကြီး အချိန် မှာ ရေယာဉ် တစီး တိမ်းမှောက် သွားလို့ ခရီးသည် ၅ဝ ကျော် ကို ကယ်ဆယ် နိုင်ပြီး ၇ ယောက် ပျောက်နေ တယ် လို့ သိရပါတယ်။

မုံရွာက ဟုမ္မလင်း ဆယ်ဇင်း ဘက်ကို သွားတဲ့ ရာဇာထွန်း အမြန် ရေယာဉ် ဟာ လောင်းဂရိတ် ဝဲထဲ နစ်မြုပ်ပြီး တိမ်းမှောက် ခဲ့တာဖြစ်ပါတယ်။

နောက်က ပါလာတဲ့ ရေယာဉ်တွေက နစ်မြုပ်သွားတဲ့ ရေယာဉ် ပေါ်က ခရီးသည် တွေကို ကယ်ဆယ် ကြရတာပါ။

ဒီထဲက အလောင်း ၅ လောင်း ဆယ်ယူ ရရှိပြီး သေဆုံးသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ် လို့ ကလေး ခရိုင် ရဲတပ်ဖွဲ့ ရုံးက ပြော ပါတယ်။

ရေယာဉ်ပေါ်မှာ ခရီးသည် ၆၅ ယောက် လိုက်ပါလာတယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ