အမတ်လောင်းတွေထဲမှာ မသန်စွမ်းပုဂ္ဂိုလ်တွေ မပါဝင်သလောက် ဖြစ်နေ

  • 3 နိုဝင်ဘာ 2015
_disability_myanmarတစ်မြို့နယ်ထဲ မှာသာ မသန်စွမ်း ကိုယ်စားလှယ် လောင်း တစ်ဦး ရှိနေ
Image caption လေ့လာခဲ့တဲ့ ၃၉ မြို့နယ်ထဲက ၁ မြို့နယ်ထဲ မှာသာ မသန်စွမ်း ကိုယ်စားလှယ် လောင်း တစ်ဦး ရှိနေ။

ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တွေထဲမှာ အမျိုးသမီးတွေ ပါဝင် မှု အလွန်နည်းပြီး မသန်စွမ်း သူတွေ ပါဝင်မှု ကတော့ မရှိ သလောက်ပဲ လို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ တစ်ခု ဖြစ်တဲ့ ဒါနရှေ့ဆောင်-မြန်မာ အဖွဲ့ က ပြောပါတယ်။

မဲဆွယ် စည်းရုံးတာတွေ အပြိုင် လုပ်ဆောင် နေကြတဲ့ နိုင်ငံရေး ပါတီကြီး တွေ အနေနဲ့လည်း မသန်စွမ်း သူတွေ အတွက် သီးသန့် ဦးတည်ပြီး ဘာတွေ လုပ်ဆောင် ပေးမယ် ဆိုတဲ့ ရွေးကောက်ပွဲ ကတိကဝတ် တွေ ပေးတာ မျိုး မတွေ့ရဘူး လို့ ဒါနရှေ့ဆောင်-မြန်မာ အဖွဲ့ ရဲ့ ဥက္ကဌ ဦးချမ်းငြိမ်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် မသန်စွမ်း သူတွေ အတွက် ရည်ရွယ်ပြီး ရွေးကောက်ပွဲ နေ့ မှာ မဲလာ ထည့် နိုင်ရေး အတွက် အသိ ပညာပေး တာတွေ နဲ့ လိုအပ်တာ တွေ ကို ပြင်ဆင် ပေးတာ မျိုးတွေကိုလည်း အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ လုပ်ဆောင်မှု အားနည်းတယ် လို့လည်း ဦးချမ်းငြိမ်းအောင် က ဆိုပါတယ်။

ဒါနရှေ့ဆောင်-မြန်မာ အဖွဲ့ အနေနဲ့ တနိုင်ငံလုံး အနှံ့ မြို့နယ် ၃၉ မြို့နယ် ထဲမှာ စက်တင်ဘာလ ကနေ အောက်တိုဘာ လကုန် အထိ စောင့်ကြည့် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ မြို့နယ်တွေထဲ က တစ်မြို့နယ်ထဲ မှာသာ မသန်စွမ်း ကိုယ်စားလှယ် လောင်း တစ်ဦး ရှိနေပြီး မသန်စွမ်း အခွင့်အရေး အကြောင်း ပြောဆိုတာမျိုး ရှိတယ်လို့ ဦးချမ်းငြိမ်းအောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ