ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိသူတွေကို ဦးရွှေမန်း ဝေဖန်

  • 2 နိုဝင်ဘာ 2015
USDP Party Leaders ဓာတ်ပုံ မူပိုင် AFP
Image caption ပါတီ ဥက္ကဌ အဖြစ်က ဖယ်ရှားမခံရမီ ပါတီညီလာခံ တစ်ခုမှာ

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းက သူရာထူးက ဖယ်ရှားခံ ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောလိုက် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးပေါင်းတဲ့ အတွက် သူ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားခံရတာ ဖြစ်နိုင်တယ်လို့ သူရ ဦးရွှေမန်းက ရွေးကောက်ပွဲမှာ သူ ဝင် အရွေးခံမယ့် ဖြူးမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီစဉ်မှာ ပြောခဲ့တဲ့ အကြောင်း တောင်ငူက သတင်းစာဆရာ ကိုဇေယျာ က ဘီဘီစီကို ပြော ပါတယ်။

လူ ၆၀၀ လောက် တက်ခဲ့တဲ့ ကညွတ်ကွင်းမှာ မဲဆွယ် စည်းရုံး ဟောပြောရာမှာ သူ့အနေနဲ့ ပါတီက မထွက်ဘဲ ဘယ်သူနဲ့ မဆို ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ ပြောဆိုပြီး ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိသူတွေက ဘယ်လို လို လူတွေလဲလို့ သူရ ဦးရွှေမန်းကမေးခွန်းထုတ် သွားကြောင်းလည်း သူကပြောပါတယ်။

အခု အချိန်မှာ ဦးရွှေမန်းက ဒီလို စကားတွေ ပြောတာဟာ အပြောင်း အလဲကို လိုချင် နေကြတဲ့ ပြည်သူတွေနဲ့ အတူ သူလည်း လိုက်ပါ ပြောင်းလဲပါတယ် ဆိုတာ ပြချင်တဲ့ သဘောလို့ ကိုဇေယျာ က သုံးသပ်ပါတယ်။

ဦးရွှေမန်း အပါအဝင် ကြံခိုင်ဖွံဖြိုးရေး ပါတီ ခေါင်းဆောင် တချို့ဟာ ပြီးခဲတဲ့ သြဂုတ်လ ၁၂ နေ့ညက ပါတီ ရာထူးတွေကနေ မှဖယ်ရှားခံ ခဲ့ကြရပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ အတိုက်အခံပါတီ အပါအဝင် ပါတီတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယူဆပြီး လုပ်ဆောင်ခဲ့မှု အပေါ် နိုင်ငံတော် သမ္မတ ခေါင်းဆောင်တဲ့ အစုအဖွဲ့က သဘောထား ကွဲလွဲခဲ့တဲ့ ပုံစံရှိခဲ့လို့ သူ အခု လိုအရေးယူ ခံရတာဖြစ်နိုင်တယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့က သတင်း မီဒီယာတွေကို ဦးရွှေမန်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ