မန္တလေး ကြိုတင်မဲတွေ စပေး

  • 4 နိုဝင်ဘာ 2015
advanced_vote_myanmar ဓာတ်ပုံ မူပိုင် epa
Image caption ဘိုးဘွားတွေလည်း မဲကြိုပေး

မြန်မာ နိုင်ငံမှာ အောက်တိုဘာလ ၂၉ ရက်နေ့ ကစလို့ ကြိုတင်မဲ တွေ စပေးခွင့် ပြုခဲ့ပါတယ်။

မန္တလေး မြို့မှာ ရွေးကောက်ပွဲ အတွင်း တာဝန် ထမ်းဆောင် ရမယ့် ပြည်သူ့ ရဲတွေ၊ တပ်မတော်သား တွေနဲ့ မသန်စွမ်းသူ တွေ ဗုဒ္ဓဟူးနေ့ ကစပြီး ကြိုတင်မဲ တွေ ပေးခဲ့ပါတယ်။

မန္တလေး အောင်မြေ သာစံ မြို့နယ် မန္တလေးတောင် အနောက်ဘက် ဥပုသ်တော် ရပ် မှာ တပ်မတော်သား တွေနဲ့ ဝန်ထမ်းတွေ များတဲ့ အတွက် ကြိုတင်မဲ ပေးမယ့် သူတွေ များလို့ အဲဒိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး ဟာ အစည်ကားဆုံး ဖြစ်နေ ပါတယ်။

ဘေးလူ အကူနဲ့ ကြိုတင်မဲ ထည့်ဖို့ လာတဲ့ မန္တလေးတိုင်း မသန်စွမ်း သူများ အသင်း ဥက္ကဋ္ဌ ဦးစိုင်းအောင်ထက် က မဲပေးခွင့်ရသူ စာရင်းမှာ သူ မပါသေးတဲ့ အကြောင်း နဲ့ မသန်စွမ်း သူတွေ ကိုယ်တိုင် မဲလာပေးရင် အဆင်ပြေ အောင် ဆောင်ရွက် မပေး ကြောင်း ပြောပါတယ်။

ဥပုသ်တော်ရပ် က ကြိုတင် မဲပေးမယ့် စာရင်း မှာ မန္တလေး တောင်ခြေ ဘိုးဘွား ရိပ်သာ က အဘိုးအဘွား ၇ဝ လည်း စာရင်း ပေးထားတာ မို့ သူတို့ ဆီကို ကော်မရှင် တာဝန်ရှိ သူ တွေ သွားပြီး ကြိုတင်မဲတွေ ကောက် ယူခဲ့ ပါတယ်။

အဘိုး အဘွား တွေထဲက ကိုယ်တိုင် တံဆိပ်တုံး ရိုက် ပြီး စာအိတ် ပိတ်နိုင်သူ တွေ ရှိသလို ကိုယ်တိုင် မလုပ်နိုင်သူတွေ ကိုတော့ ဘိုးဘွား ရိပ်သာ ဝန်ထမ်း တွေက ကူညီ တာကို တွေ့ရပါတယ်။

ခုကောက်ခံ တဲ့ ကြိုတင်မဲ တွေ ကို မဲပုံးတွေ ထဲမှာ ချိတ်ပိတ် ထားပြီး ရွေးကောက်ပွဲကြီး လုပ်မယ့် နိုဝင်ဘာ ၈ ရက်နေ့ မှာမှ သက်ဆိုင်ရာ မဲရုံတွေကို ပို့ပြီး ဖွင့်ဖောက် ရေတွက်မှာ လို့ ကော်မရှင် တာဝန်ရှိ သူတွေက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ