သမ္မတက ပါတီအလုပ်တွေ လုပ်နေတာ ဥပဒေချိုးဖောက်တာလို့ NLD ပြော

  • 4 နိုဝင်ဘာ 2015
President and commander in chief arrive Sittwe, Rakhine State ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ စစ်တွေကို ရောက်ခဲ့စဉ်

ရွေးကောက်ပွဲ မဲဆွယ် ကာလ သမ္မတ ဦးသိန်းစိန်ရဲ့ ဒေသတွင်း ခရီးစဉ်တွေမှာ ပါတီ လုပ်ငန်းတွေကို လုပ်ကိုင် ဆောင်ရွက်နေတာ တွေ့ရပြီး ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကို ပေးပို့ခဲ့တဲ့ အန်အယ်လ်ဒီရဲ့ တိုင်ကြားစာမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း တို့ကို သွားတဲ့ သမ္မတရဲ့ ခရီးစဉ် အတွင်း တချို့မြို့တွေမှာ ပါတီဝင်တွေက ကြိုဆို နှုတ်ဆက်ကြတာတွေနဲ့ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲတွေ မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေ ပါဝင်နေတာ တွေကို ထည့်သွင်း ဖော်ပြထားပါတယ်။

ဒါတွေဟာ သမ္မတ အနေနဲ့ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု လှုပ်ရှားနေတာ ထင်ရှားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်တာ ဖြစ်တဲ့ အတွက် လိုအပ်သလို ဆောင်ရွက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်း ထားပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကတော့ ဒါတွေဟာ အန်အယ်လ်ဒီ ဘက်က စွပ်စွဲချက်သာဖြစ်ပြီး သမ္မတက သူ့တာဝန်ကို သူထမ်းဆောင် နေတာသာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ