ကြိုတင်​မဲ​တွေ​နဲ့ ပတ်သက်​ပြီး အတိုက်​အခံ ခေါင်းဆောင် ဝေဖန်

  • 5 နိုဝင်ဘာ 2015
_dassk_presser
Image caption NLD ပါတီ အနိုင်ရလို့ အစိုးရ ဖွဲ့ နိုင်ရင် အဲဒီ့ အစိုးရ အဖွဲ့ ရဲ့ ထိပ်မှာ ဆုံးဖြတ်ချက် တွေ ချပေး တာ မျိုး နဲ့ ခေါင်းဆောင် မှု ပေး သွား မယ်။

ကြိုတင် မဲတွေ ကောက်ခံ ခဲ့မှုမှာ ဒေသခံ ကြံခိုင်ရေး ပါတီ နဲ့ ရွေးကောက်ပွဲ ကော်မရှင် တွေ အကြား ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက် မှုမျိုးတွေ ရှိနေတယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က စွပ်စွဲ လိုက် ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD အနေနဲ့ သက်သေ အထောက်အထားတွေ လုံလုံလောက်လောက် ရထားတဲ့ အတွက် တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ် သွားချင်တယ် လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၅ ရက် ကြာသာပတေး နေ့ က ရန်ကုန်မြို့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်း လင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောသွားတာပါ။

ဒါ့အပြင် ရွေးကောက်ပွဲ အတွင်း မသမာမှု တွေ ရှိတာ တွေ့လာရရင် တရားစွဲဆို တဲ့ အထိ လုပ်ဆောင် ကြဖို့ NLD ပါတီရဲ့ ဗဟို ကနေ လည်း စာထုတ်ပြီး တိုင်းနဲ့ ပြည်နယ် အသီးသီး က ပါတီ ဝင် တွေ ကို ညွှန်ကြား ထားပါတယ်။

မဲဆန္ဒနယ် တွေမှာ တကယ်ရှိ တဲ့ လူဦးရေ ထက် ကျော်လွန်ပြီး မဲပေးပိုင်ခွင့် စာရင်းပေါက် နေတာ မျိုး လို အမှားအယွင်း တွေ အပါအဝင် လူ တစ်ယောက် ထဲကို မဲပေးပိုင်ခွင့် သက်သေခံ ကတ်ပြား တစ်ခု ထက် ပိုပြီး ထုတ်ပေး တာမျိုးလို ဒေသခံ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အမှားအယွင်း တွေ ရှိနေတယ် ဆိုပြီး NLD ပါတီ ပြောခွင့်ရ ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ရွေးကောက်ပွဲ ဟာ လွတ်လပ် ပြီး တရားမျှ တမှု ရှိ မရှိ ကို နိုင်ငံတကာ က အသေအချာ လေ့လာ စောင့်ကြည့် ဖို့ ရာ အရေး ကြီးတယ် ဆိုပြီး တော့လည်း ဒေါ် အောင်ဆန်းစု ကြည်က ကြာသာပတေး နေ့ သတင်းစာ ရှင်းလင်းပွဲ မှာ တိုက်တွန်း ထားပါတယ်။

ရွေးကောက်ပွဲ အတွင်း မရိုးမသား ဖြစ်ရပ် တွေ ကို တွေ့ရရင် နိုင်ငံတကာ စောင့်ကြည့်ရေး သမားတွေ အနေနဲ့ တရားဝင် လူသိ ထင်ရှား ထုတ်ဖော် ပြောဆို ဖို့ရာ အင်မတန် တာဝန် ရှိတယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ