သမ္မတအထက်မှာ ဘယ်သူရှိသင့်သလဲလို့ ကြံ့ခိုင်ရေး ပါတီ မေးခွန်းထုတ်

  • 6 နိုဝင်ဘာ 2015
USDP Campaign in Rangoon ဓာတ်ပုံ မူပိုင် ap
Image caption ရန်ကုန်သုဝဏ္ဏ မြို့ဦးစောတီမှာ အနုပညာရှင်တွေ ပါဝင် မဲဆွယ်

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခွင့် ပြုတဲ့ နောက်ဆုံးနေ့ နိုဝင်ဘာလ ၆ ရက် နေ့မှာ ရန်ကုန် မြို့အတွင်း မဲဆွယ် စည်းရုံး တာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲချုပ်က ရပ်ဆိုင်းခဲ့ပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာ စတဲ့ ပါတီတို့ ကတော့ မဲဆွယ်မှုတွေ လုပ်ခဲ့ကြပါတယ်။

လူတွေ သောင်းနဲ့ ချီပြီ တက်ရောက် ခဲ့ကြတဲ့ သုဝဏ္ဏ မြို့ဦးစေတီ ကွင်းမှာ ပြုလုပ်တဲ့ ကြံ့ခိုင်ရေး ပါတီရဲ့ လူထု ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က သူ့ပါတီ အနိုင်ရလို့ အစိုးရ ဖွဲ့နိုင်မယ် ဆိုရင် သမ္မတရဲ့ အထက်မှာ သူရှိမယ်လို့ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး တော့လည်း တုံ့ပြန် ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

လားရှိုး မြို့မှာ လှည့်လည် စည်းရုံးနေတဲ့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကတော့ လာမယ့် ရွေးကောက်ပွဲမှာ သူတို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ အပြတ် အသတ် အနိုင်ရမှာပါလို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပါတီခြောက်ပါတီက ဝင်ပြိုင် ကြမယ့် အထဲမှာ ကြံခိုင်ဖွံဖြိုးရေးပါတီ အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကျားခေါင်း ပါတီလို့ခေါ်ကြတဲ့ SNLD နဲ့ ကြားဖြူ ပါတီလို့ခေါ်ကြတဲ့ SNDP တို့လည်း ပါဝင်ပါတယ်။

ကျားခေါင်းပါတီနဲ့ NLD ပါတီတို့က နိုဝင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်ခဲ့ပါတယ်။

ရှမ်း ကချင်နဲ့ ဗမာ တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ လားရှိုးမြို့နယ်မှာ မဲရုံပေါင်း ၁၂၀ ကျော်နဲ့ မဲပေးနိုင်သူ တစ်သိန်း ရှစ်သောင်းကျော် ရှိပါတယ်။

ဒေါက်တာ စိုင်းမောက်ခမ်းက သူ့ပါတီ အားရပါးရနိုင်လိမ့်မယ်လို့ မျှော်လင့် နေပေမဲ့ ဒေသခံတွေ ကတော့ ဘယ်ပါတီ နိုင်မယ် ဆိုတာ ခန့်မှန်းရခက်တယ်လို့ ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ