တပ်မတော်သားတွေ ပြည်သူနဲ့သဘောထား တူဖို့ NLD နာယက ဦးတင်ဦး တိုက်တွန်း

  • 6 နိုဝင်ဘာ 2015
Image caption တပ်မတော်သားတွေ ပြည်သူနဲ့ သဘောထား တပ်တူကျဖို့ ဦးတင်ဦး တိုက်တွန်း

ရွေးကောက်ပွဲ မတိုင်ခင်မှာ War of office council ကနေ နိုင်ငံရေးပါတီ၊ အစိုးရ အဖွဲ့အစည်း ဆိုင်ရာ တွေနဲ့ မိမိတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းပစ္စယများနဲ့ ငွေရေးကြေးရေး ဆိုင်ရာတွေမှာ မပါတ်သက်ဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တပ်မတော်သားများ အနေနဲ့ မိမိတို့ မဲပေးခွင့်ကတော့ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ပေးနိုင်ကြောင်း ကိုလည်း အမိန့်ထုတ်ပြန်ပေး ခဲ့ပါတယ်။

၁၉၆၀ ခုနှစ်မှာတော့ ရစရာ မရှိအောင် ပျက်စီးခဲ့ပြီး နောက်ဆုံးမှာ တပ်မတော်သားတွေကို ကိုယ်ပေးစေချင်တဲ့ ပါတီကို ပေးခိုင်းတာမျိုးတွေ ရှိခဲ့ကြောင်း ဆက်ပြောပါတယ်။

သက်ဆိုင်ရာ တပ်မှူးတွေက တည်မြဲ အဖွဲ့ကို ပေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ အောက်ခြေ စစ်သားတွေဟာ ပြည်သူတွေရဲ့ သဘောထားနဲ့ ထပ်တူ ထပ်မျှ ကျခဲ့ပြီး လွတ်လွတ် လပ်လပ် မဲပေး ခဲ့ကြတယ်လို့ ပြောကြားပါတယ်။

မျက်မှောက်ခေတ် မှာလည်း တပ်မတော်သားတွေ အနေနဲ့ ပြည်သူ တွေရဲ့ သဘောထားနဲ့ ထပ်တူကျ ဖို့ လိုကြောင်း ဦးတင်ဦးက တိုက်တွန်း ပြောကြားသွား ပါတယ်။

ဘီဘီစီ ရဲ့ ဧည့်အစီအစဉ်မှူး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုမင်းကိုနိုင် က ရွေးကောက်ပွဲ အထူး အစီအစဉ် အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦးနဲ့ တွေ့ဆုံမေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ