NLD က ရွေးကောက်ပွဲ အကြို ကြေညာချက်ထုတ်

  • 6 နိုဝင်ဘာ 2015
voter list ဓာတ်ပုံ မူပိုင် AP
Image caption မဲပေးခွင့်ရှိသူ စာရင်းတွေ မှားနေဆဲ

အဓိက အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ က ပြည်သူ လူထုသို့ ပန်ကြားလွှာ ဆိုပြီး ရွေးကောက်ပွဲ အကြို ကြေညာချက် တစောင် သောကြာနေ့က ထုတ် ပြန် လာ ပါတယ်။

အဲဒီ့ ကြေညာ ချက်ထဲ မှာ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန် ခဲ့တဲ့ မဲပေး ပိုင်ခွင့် ရှိသူ စာရင်း ဟာ အခုလို နောက်ဆုံး အချိန် ရောက် နေတဲ့ အထိ မှားဆဲ မှားလျက် ရှိတယ် လို့ ရေးသား ထားပါတယ်။

ဒါ့ကြောင့် နိုင်ငံသား အခွင့် အရေး ဖြစ်တဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံး မယ့် သူတွေ နေရာအနှံ့ ရှိလာမယ့် အလားအလာ တွေ ကို NLD ပါတီ အနေနဲ့ တွေ့မြင် နေရတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ အခွင့်အရေး ဆုံးရှုံးရ လို့ဆိုပြီး ပြည်သူ တွေ အနေနဲ့ ဒေါသ အလျောက် တုံ့ပြန် ဆောင်ရွက် တာမျိုးတွေ မပြုလုပ် ကြဖို့ NLD ပါတီ က တိုက်တွန်း ထားပါတယ်။

အဲဒီလို စိတ်လိုက် မာန်ပါ တွေ ဆောင်ရွက် မှာ မျိုး ကို စောင့် နေကြတဲ့၊ အခွင့် ကောင်း ယူချင် ကြတဲ့ သူတွေ ရှိ နေတယ် ဆိုပြီး NLD က သတိ ပေးပြီး အထူး သဖြင့် မဲရုံတွေ တဝိုက်မှာ မလိုလားအပ်တဲ့ အပြုအမူ တွေ မလုပ်မိ ကြဖို့ တိုက်တွန်း ထား ပါတယ်။

မကျင်းပ ခင် ကတည်းက မလွတ်လပ်

ရွေးကောက်ပွဲ ဟာ ပြည်သူ ပြည်သား အားလုံးရဲ့ သဘော ဆန္ဒ ကို ထင်ဟပ် ဖော်ပြ နိုင်မှာ မဟုတ်သလို ယုံကြည် ကိုးစားဖွယ် ရလဒ် ပေါ်ထွန်း လာ နိုင်မှာ မဟုတ် ဘူး ဆိုပြီး လူ့ အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ် များ အဖွဲ့ APHR က ပြင်းပြင်း ထန်ထန် ဝေဖန် လိုက် ပါတယ်။

လူမျိုးကို မူတည် လို့ ဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာ တရား ကို မူတည် လို့ ဖြစ်စေ မဲပေး ပိုင်ခွင့် အငြင်းပယ် ခံထားရတဲ့ သူတွေ ရှိ နေတဲ့ အပြင် ဒီမို ကရေစီ နည်းမကျ ရေးဆွဲ ထားခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ကို မ ပြင်ဆင် နိုင်ခဲ့ တဲ့ အတွက် ကြောင့် အခု ရွေး ကောက်ပွဲ ဟာ မကျင်းပ ခင် ကတည်းက ကို လွတ်လပ် ပြီး တရား မျှတ မှု မရှိ နိုင်ဘူး ဆိုတဲ့ အချက် ပေါ် လွင် နေခဲ့ ပြီး ဖြစ်တယ် လို့ APHR အဖွဲ့ က ဆိုပါတယ်။

စစ်တပ် ကိုယ်စား လှယ် တွေ အတွက် လွှတ်တော် နေရာ ၂၅ ရာခိုင်နှုန်း ကို သီးသန့် ချန် ထား ပေးရတဲ့ အခြေခံ ဥပဒေ ဟာ ရွေးကောက်ပွဲ တရပ် တရားမျှတ မှု ရှိနိုင် မယ့် အပေါ် တားဆီး ဟန့်တား ခဲ့ ပြီး ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ