သမ္မတ ရွေးကောက်ပွဲ ရလဒ် လိုက်နာမယ်

  • 6 နိုဝင်ဘာ 2015
thein sein ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတ စစ်တပ် အတွက်ပါ တာဝန်ခံ ပြီး ပြော

ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ပိုင်း အလိုမှာ သမ္မတ ဦးသိန်းစိန် က ထွက်ပေါ် လာမယ့် ရွေးကောက်ပွဲ ရလဒ် အပေါ် လေးစား လိုက်နာမယ့် အကြောင်း ရွေးကောက်ပွဲ အကြို အထူး မိန့်ခွန်းမှာ ထပ်လောင်း ကတိပြု ပြောဆို ပါတယ်။

အစစ အရာရာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ တရပ် ပြုလုပ် နိုင်ဖို့ အခက်အခဲ တွေ ၊ စိန် ခေါ် မှု တွေ ရှိ နေတာ ကို သမ္မတ က ဝန်ခံ ပြောကြား ရင်း တနင်္ဂနွေ နေ့ မှာ ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲ ဟာ တရားမျှတ၊ လွတ်လပ် ပြီး အများ ပြည်သူတွေ ရဲ့ သဘောထား ဆန္ဒ ကို ထင်ဟပ် လိမ့်မယ် လို့ သူ့ အနေနဲ့ ယုံကြည် ကြောင်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် က ရွေးကောက်ပွဲ ရလဒ် အပေါ် လေးစား လိုက်နာ မယ့် အကြောင်း သူ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ အတွက် သာမက စစ်တပ် အတွက်ပါ တာဝန်ခံ ပြီး ပြောသွားတာပါ။

ဒါ့အပြင် ရွေးကောက်ပွဲ အလွန် အစိုးရ သစ် မဖြစ်ပေါ်ခင် ကြားကာလ မှာ တိုင်းပြည် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိ ဖို့ နိုင်ငံရေး အင်အားစု ခေါင်း ဆောင် တွေ နဲ့ တွေ့ဆုံ ဆွေးနွေး အဖြေ ရှာ သွားမယ် ဆိုပြီး လည်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ