ရွေးကောက်ပွဲ အကြိုနေ့ မြင်ကွင်းများ

  • 7 နိုဝင်ဘာ 2015
Image caption မဲပေးနိုင်သူ ၃၃ သန်းကျော်ထဲက ၈၀ ရာခိုင်နှုန်း မဲလာပေးမယ်လို့ ကော်မရှင် ခန့်မှန်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီပေါင်း ၉၂ ပါတီက ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး က နေရာပေါင်း ၁၀၀၀ ကျော် အတွက် ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာ တစ်နိုင်ငံလုံး မဲပေးနိုင်သူ ဦးရေ ၃၃ သန်းကျော် ရှိတဲ့ အထဲက ၈၀ ရာခိုင်နှုန်း လောက် မဲ လာပေးလိမ့်မယ် လို့ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရာရှိ တစ်ဦး က ပြောပါတယ်။

မြန်မာ တစ်နိုင်ငံ လုံးမှာ မဲ ရုံပေါင်း လေးသောင်း တစ်ထောင်ကျော် ဖွင့်လှစ်ထားပြီး ရန်ကုန် တိုင်းဒေသ ကြီးမှာ မဲရုံပေါင်း ငါးထောင်ကျော် ဖွင့်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က လက်ထောက် ညွန်ကြားရေးမှူး ဦးသန့်စင်အောင် ကပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ မဲရုံပေါင်း ၆၆၅ ရုံရှိပြီး မဲရုံတွေကို နယ်မြေခံရဲနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ အတွက် ခန့်ထားတဲ့ အထူးရဲ တွေက တစ်ရုံကို တယောက်နှုန်း အနည်းဆုံး လုံခြုံရေး ချထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းသာ လိုတော့တဲ့ အချိန်မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရင်းဘွေ ကျေးရွာက လူ ၂၇ ယောက်ဟာ ပထမအကြိမ် မဲစာရင်းနဲ့ ဒုတိယ အကြိမ် မဲစာရင်းမှာ ပါရှိ ခဲ့ပေမဲ့ နောက်ဆုံး အကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းတွေမှာ မပါရှိကြောင်း သိရှိရတဲ့ အတွက် မကျေနပ်မှုတွေ ဖြစ်ပေါ် နေပါတယ်။

ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ကို မဲစာရင်း မပါလို့ သွားရောက် တိုင်ကြား ခဲ့တဲ့ အပေါ်မှာ ကော်မရှင် အနေနဲ့ ဘာမှ မတတ်နိုင်တဲ့ အကြောင်း ပြန်လည် ဖြေကြား ခဲ့တယ်လို့ ရွာသား တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ မဲရုံပြင်ဆင်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း စစ်တွေ မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မနက်ဖန်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ အတွက် လာရှိုးမြို့မှာလည်း ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် နေပါတယ်။

နိုဝင်ဘာ(၇) ရက် နေ့ မနက် ၆ နာရီ ကတည်းက သက်ဆိုင်ရာ ကော်မရှင် ရုံးတွေမှာ ဆန္ဒမဲ ပေးမဲ့ သူတွေဟာ မဲပေးခွင့် လက်မှတ် ထုတ်ဖို့ တန်းစီ နေကြပါတယ်။

မဲလက်မှတ် ထုတ်ယူမှု အဆင်မပြေမှုတွေ ကြုံတွေ့ နေရကြောင်းနဲ့ မနက်ဖန် ရွေးကောက်ပွဲ မှာ မဲမပေးလိုက်ရမှာ စိုးရိမ်မိကြောင်း ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ