ကော်မရှင်အဆုံးဖြတ်ကို လက်ခံဖို့ ကာချုပ်တိုက်တွန်း

  • 9 နိုဝင်ဘာ 2015
president_andchief_commander ဓာတ်ပုံ မူပိုင် EPA
Image caption အနိုင်ရ ပါတီ ကို အာဏာ လွှဲ မပေးတဲ့ ဖြစ်ရပ်မျိုးလို သမိုင်း တကျော့ ပြန်မလည် စေရဘူး ဆိုပြီး တော့လည်း ကတိပေး။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်မယ့် အထွေထွေ ရွေးကောက်ပွဲ ရလာဒ် ကြေညာချက်ကို လိုက်နာကြ ဖို့ လိုတယ် ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလာဒ် ကနေ တဆင့် မြန်မာ နိုင်ငံ မှာ ခိုင်မာ တောင့်တင်း တဲ့ ဒီမိုကရေစီ စနစ် တစ်ရပ် တည်ဆောက် သွား နိုင်ဖို့ မျှော်လင့်တယ် ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ရွေးကောက်ပွဲနေ့ တုန်းက နေပြည်တော် မှာ မဲပေး အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သတင်း မီဒီယာ သမားတွေ ကို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အပြီး အနိုင်ရ ပါတီ ကို အာဏာ လွှဲ မပေးတဲ့ ဖြစ်ရပ်မျိုးလို သမိုင်း တကျော့ ပြန်မလည် စေရဘူး ဆိုပြီး တော့လည်း ကတိပေး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ