မဲ မသမာမှုတွေအတွက် HRW စိုးရိမ်

  • 10 နိုဝင်ဘာ 2015
_election ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် အစိုးရ ကတော့ သမိုင်းဝင် ရွေးကောက်ပွဲ အနေနဲ့ ချီးကျူး။

တနင်္ဂနွေ ရွေးကောက်ပွဲ နေ့ တုန်းက ဒေသတချို့မှာ မဲရုံ ပိတ်ချိန်မှ ရောက်လာ ခဲ့တဲ့ ကြိုတင်မဲ တွေ ရှိခဲ့တာ ကြောင့် ရွေးကောက်ပွဲ ဟာ တရား မျှမျှတတ ကျင်းပ နိုင်ခဲ့သလား ဆိုတဲ့ အပေါ် ပြောဖို့ရာ စောနေ သေးတယ် လို့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ HRW က ဆိုပါတယ်။

အမေရိကန် အစိုးရ က မြန်မာ နိုင်ငံ ရွေးကောက်ပွဲ ကို ငြိမ်းငြိမ်းချမ်းချမ်း ပြုလုပ် နိုင်ခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲ အနေနဲ့ ချီးကျူး စကား ပြော နေ ချိန်မှာပဲ HRW အဖွဲ့ ကတော့ စိုးရိမ်မှု တွေ ရှိနေကြောင်း ပြောလာတာပါ။

ကြိုတင်မဲပုံး တွေ မဲရုံ ပိတ်ချိန် ရောက်လာခဲ့တဲ့ ဖြစ်ရပ် တွေကြောင့် ပွင့်လင်းမြင်သာ မှု ရှိ ခဲ့တဲ့ ရွေးကောက်ပွဲ ဆိုပြီး ပြောလို့ မရနိုင် ဘူးလို့ HRW ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှုး Phil Robertson က ဆိုပါတယ်။

ဒီအချိန်မှာပဲ အမေရိကန် အစိုးရ အိမ်ဖြူတော် ရဲ့ ပြောခွင့်ရ Josh Earnest က တော့ ဖြည်းဖြည်းချင်းစီ ထွက်ပေါ် လာနေတဲ့ ရွေးကောက်ပွဲ ရလာဒ်တွေ ကို မြန်မာ ပြည်သူတွေ အနေနဲ့ တင်ကြို ဝေဖန် တာတွေ မလုပ်ပဲ စိတ်ရှည် ရှည် ထား စောင့်ကြပါ ဆိုပြီး တိုက်တွန်း ပါတယ်။

အစိုးရ တစ်ရပ် ဖွဲ့စည်း နိုင်ဖို့ ဆိုရင် နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး အတူ လက်တွဲ လုပ်ဆောင် ဖို့ အရေးကြီး သလို၊ အခြေအနေ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ် ရှိစေဖို့ နဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆိုရင် နိုင်ငံရေး မှာ ပါဝင် ပတ်သက် နေသူတွေ အားလုံး ဝိုင်းဝန်း ကူညီ ကြ ရမှာ ဖြစ်တယ် ဆိုပြီးတော့လည်း မစ္စတာ အားနက်စ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ