ကြိုတင်မဲ မပါလည်း ဦးစိုင်းမောက်ခမ်း အနိုင်ရ

  • 10 နိုဝင်ဘာ 2015
Vice President Sai Mauk Kham ဓာတ်ပုံ မူပိုင် AP
Image caption လားရှိုးမှာ ဦးစိုင်းမောက်ခမ်း နိုင်တယ်လို့ မြို့နယ် ကော်မရှင်ပေး

တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေက ပေးတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး အငြင်းပွား နေတဲ့လားရှိုးမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အနိုင်ရရှိသွားပါတယ်။

ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကိုပေးထားတဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ပေးပို့လာတဲ့ ကြိုတင်မဲ တွေနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၉ ရက်နေ့က ကန့်ကွက်ထားတဲ့ NLD ပါတီနဲ့ကျားခေါင်းပါတီက ကိုယ်စားလှယ်တွေက နောက်တစ်နေ့ ၁၀ ရက်နေ့မှာ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲရလဒ် တွေကို သဘောတူ ကြောင်း လက်မှတ်ရေးထိုး ခဲ့ပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း NLD ပါတီ ဥက္ကဌ ဦးစိုင်းမြင့်မောင်ကတော့ မလျော်ကန်တဲ့ နည်းလမ်းနဲ့ ရတယ်ဆိုတဲ့မဲ အရေအတွက်က ၂၇၀၀ ပဲ ရှိတာကြောင့် ဒီမဲတွေ မပါလည်း ဦးစိုင်းမောက်ခမ်းက နိုင်ပြီးသား ဖြစ်နေလို့ သူတို့လက်ခံလိုက်တာလို့ ပြောပါတယ်။

ဒါပေမဲ့ မနိုင်မှာ စိုးလို့ ကြိုတင် ကာထားတဲ့ ပုံစံ ဆောင်ရွက်ချက်ကိုသာ သူတို့ မကျေနပ်တာလို့လည်း ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့မဲရလဒ် အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကြံခိုင်ဖွံဖြိုးရေး ပါတီက ၃ သောင်းကျော်ရရှိပြီး NLD ပါတီက ၂ သောင်း ၆ ထောင်ကျော်နဲ့ ကျားခေါင်း ပါတီက ၁ သောင်း ၇ ထောင်ကျော် ရှိတာ တွေ့ရ ပါတယ်။

ဒါကြောင့် NLD နဲ့ကျားခေါင်းပါတီက ကန့်ကွက်ထားတဲ့ ကြိုတင်မဲ ၃၈၀၀ ကျော်ပယ်ခဲ့ရင်တောင် NLD ပါတီ အနေနဲ့ လားရှိုးမြို့နယ် မှာတော့ ကြံခိုင် ဖွံဖြိုးရေးပါတီကို အနိုင်ရမှာ မဟုတ်ပါဘူး။

လားရှိုး မြို့နယ်မှာ NLD ပါတီက ကြံခိုင်ဖွံဖြိုးရေး ပါတီကို ရှုံးပေမဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာတော့ NLD ပါတီက အနိုင်ရရှိပြီး အမျိုးသား လွှတ်တော် မဲဆန္ဒ နယ်မှာ ကျားခေါင်း ပါတီက အနိုင်ရဖွယ် ရှိတယ်လို့ ကျားခေါင်း ပါတီ ကိုယ်စားလှယ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ