ဘယ်နာမည်နဲ့ ဖြစ်ဖြစ် နှင်းဆီဟာ မွှေးတယ်

  • 11 နိုဝင်ဘာ 2015
_su_bbc_304x171
Image caption တိုင်းပြည်ကို လက်တွေ့ အရ ဦးဆောင်မှု ပေးမှာ ဖြစ်တယ် လို့ ထပ်လောင်း ပြောဆို။

အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) နဲ့ ကိုက်ညီမယ့် သူကို သမ္မတ အဖြစ် နာမည် စာရင်း တင်သွင်း ရရင်တောင် အနိုင်ရ ပါတီ ရဲ့ ခေါင်းဆောင် အဖြစ် ဆုံးဖြတ်ချက် အားလုံး ကို ဒေါ်အောင်ဆန်းစုကြည် က သူကိုယ်တိုင် ချမှတ် မှာ ဖြစ်တယ် လို့ ပြောပါတယ်။

ဒါဆိုရင် သမ္မတ နာမည် မရှိတာ ကလွဲပြီး ကျန်တဲ့ အခွင့် အာဏာ အကုန် ရှိမှာပဲ ပေါ့ ဆိုပြီး ဘီဘီစီ သတင်းထောက် Fergal Keane က မေးတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဆိုတာ ပညတ်နာမ ပဲ၊ နှင်းဆီ ကို တခြား နာမည် နဲ့ ခေါ် သလို ပဲ ပေါ့ ဆိုပြီး တုန့်ပြန် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ဖို့ အတားအဆီး ဖြစ်နေ ပေမယ့် တိုင်းပြည်ကို လက်တွေ့ အရ ဦးဆောင်မှု ပေးမှာ ဖြစ်တယ် လို့ ထပ်လောင်း ပြောဆို လာတာ ပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က နေ အခု အချိန်ထိ တရားဝင် ထုတ်ပြန် ပေးထားတဲ့ မဲ အနိုင် အရှုံး ရလာဒ် တွေ အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က နေရာ အများစု မှာ အနိုင်ရရှိ ပါတယ်။

NLD ပါတီ အနေနဲ့ သီးသန့် အစိုးရ ဖွဲ့နိုင်တဲ့ အနည်းဆုံး လိုအပ်ချက် ထက် ကျော် လွန်ကာ စုစုပေါင်း လွှတ်တော် နေရာ ၇၅% ကို ရရှိနိုင် တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဘီဘီစီ နဲ့ သီးသန့် တွေ့ဆုံ စဉ် ပြောခဲ့ ပါတယ်။

အဲဒီ့ ရွေးကောက်ပွဲ ရလာဒ် အပေါ် စစ်တပ် ကို ကျောထောက် နောက်ခံ ပြုထားတဲ့ လက်ရှိ အာဏာရ ကြံ့ခိုင်ရေး ပါတီ က ပျက်ပြယ် စေမှာ မဟုတ်ဘူး လို့ ယုံကြည် ကြောင်းလည်း ဒေါ် အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ