ရွေးကောက်ပွဲ ကော်မရှင်ကို EU လေ့လာရေးအဖွဲ့ ချီးကျူး

  • 11 နိုဝင်ဘာ 2015
_alexander_graf_ ဓာတ်ပုံ မူပိုင် AFP
Image caption မဲရုံတွေ အချိန်မီ ဖွင့်လှစ် ခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းတွေ အဆင်သင့် ရှိခဲ့ ကြတယ်။

တနင်္ဂနွေ နေ့ ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာ ခဲ့တဲ့ ဥရောပ သမဂ္ဂ အီးယူ ကိုယ်စားလှယ် အဖွဲ့ ရဲ့ ခေါင်းဆောင် Alexander Lambsdorff က သူတို့ရဲ့ ကနဦး စမ်းစစ် တွေ့ရှိချက် တွေ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဟာ စည်းစနစ်တကျ ပြင်ဆင် ထား နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ နေ့ မှာ မဲရုံတွေ အချိန်မီ ဖွင့်လှစ် ခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းတွေ အဆင်သင့် ရှိခဲ့ ကြ ကာ မဲရုံ အာဏာ ပိုင် တွေ အနေနဲ့ လည်း ရွေးကောက်ပွဲ အတွက် အသင့် ပြင်ဆင်ပြီး ဖြစ် နေ တယ်လို့ မစ္စတာ Lambsdorff က ပြောပါတယ်။

လူ့အခွင့် အရေး အဖွဲ့ တစ်ခု ဖြစ်တဲ့ ကာတာစင်တာ ရဲ့ ကိုယ်စားလှယ် အနေနဲ့ ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာဖို့ အိုင်ယာလန် နိုင်ငံ ရဲ့ အမျိုးသမီး သမ္မတ ဟောင်း Mary Robinson လည်း မြန်မာ နိုင်ငံမှာ ရှိနေပါတယ်။

ဖွဲ့စည်း အုပ်ချုပ်ပုံ အပါအဝင် ဥပဒေပိုင်း ဆိုင်ရာ နဲ့ လူ့အခွင့် အရေး ဆိုင်ရာ အခြေခံ မူဘောင် တွေရဲ့ အမှားအယွင်း အပြစ် အနာဆာ တွေ ကြောင့် ရွေးကောက်ပွဲ ထဲ ပါဝင် ပတ်သက် ခွင့် မရ ခဲ့ကြ သူ တွေ အများအပြား ရှိတယ် ဆိုပြီး မစ္စ ရော်ဘင်ဆန် က ပြောပေမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီ စနစ် ဆီ အကူး အပြောင်း ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ် စေတဲ့ မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ