ရွေးကောက်ပွဲ ရလဒ် တဝက်လောက် ကြေညာပြီး

  • 11 နိုဝင်ဘာ 2015
nld ဓာတ်ပုံ မူပိုင် AFP
Image caption တက်ကြွစွာ မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲ

နိုဝင်ဘာ ၉ ရက်ကနေ ၁၁ ရက် အထိ ပြည်သူ့ လွှတ်တော် ၂၁၆ နေရာ ၊ အမျိုးသား လွှတ်တော် ၈၃ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော် ၃၂၈ ယောက် အနိုင်စာရင်း ကြေညာ ပြီးသွားပြီ ဖြစ်ပါတယ်။

ဒီထဲမှာ NLD ပါတီက ပြည်သူ့ လွှတ်တော် မှာ ၁၇၉ ယောက်၊ အမျိုးသား လွှတ်တော် မှာ ၇၇ ယောက် နဲ့ တိုင်းဒေသကြီး လွှတ်တော် အတွက် နေရာ ၂၈ဝ နိုင်ထားပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ ကတော့ ပြည်သူ့ လွှတ်တော် မှာ ၁၇ ယောက်၊ အမျိုးသား လွှတ်တော်မှာ ၄ယောက်နဲ့ တိုင်းဒေသကြီး မှာ အယောက် ၃ဝ အနိုင်ရ ပါတယ်။

NLD ပါတီအနေနဲ့ တပါတီတည်း နဲ့ အစိုးရဖွဲ့နိုင်ဖို့ ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ ၃၃၃ ယောက်စာ အနိုင်ရရမှာ ဖြစ်ပါတယ်။

လက်ရှိ ကြေညာ ပြီးတဲ့ ရလဒ်အရ ၂၅၆ နေရာ ရပြီးသား ဖြစ်နေပါပြီ။

နောက်ထပ် ကြေညာဖို့ ၁၉၂ နေရာ ကျန်နေပြီး ဒီထဲက NLD ဟာ ၇၇ နေရာ ထပ်နိုင်ရင် တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ စလယ်ဆုံး လုပ်ဆောင်ရာမှာ ပါတီ အဖွဲ့အစည်းတွေ ရဲ့ ပူးပေါင်းမှု အားနည်းပြီး မဲစာရင်း လုပ်ရတဲ့ အခက်ခဲတွေ ရှိတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောပါတယ်။

မဲရုံတရုံမှာ မဲစာရင်းစာရွက်မှာ မပါဘဲနဲ့ လူ ၅၂ ယောက် မဲပေးသွားတဲ့ ကိစ္စ ပေါ်ပေါက်ခဲ့လို့ သေချာစိစစ် အရေးယူမယ်လို့ ပြောသွား ပါတယ် ။

ပြီးသွားတဲ့ ရွေးကောက်ပွဲမှာ ကော်မရှင်အနေနဲ့ အမှားတွေ အားနည်းချက်တွေ ရှိခဲ့ပေမယ့် နောင်မှာ ပြုပြင်သွားရင် နောက်လာမယ့် ရွေးကောက်ပွဲတွေ အတွက် အများကြီး အကျိုးပြုမယ် လို့လည်း ဆိုသွား ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ