တစ်ပါတီတည်း အစိုးရဖွဲ့ဖို့ NLD စိတ်ချရပြီ

  • 12 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP

ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းကို နိုဝင်ဘာ ၉ ရက်ကနေ စပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ည ၉ နာရီအထိ ကြေညာချက်အရ ပြည်သူ့လွှတ်တော် အတွက် ၂၇၄ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၃၃ နေရာနဲ့ တိုင်ဒေသကြီး လွှတ်တော်အတွက် ၄၉၄ နေရာ အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဒီထဲမှာ အန်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁၇ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၁၀ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၃၈၂ နေရာ အနိုင်ရထားပါတယ်။

အန်အယ်လ်ဒီ ပါတီ အနေနဲ့ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ၃၂၉ နေရာ အနိုင်ရရမှာ ဖြစ်ပါတယ်။

လက်ရှိ ကြေညာပြီးတဲ့ ရလဒ်တွေအရ အန်အယ်လ်ဒီဟာ လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော် အတွက် ၃၂၇ နေရာ ရရှိထားပြီး ဖြစ်နေပါပြီ။ နောက်ထပ် ကြေညာဖို့က ၈၂ နေရာ ကျန်နေသေးပြီး၊ အဲဒီထဲမှာ အန်အယ်လ်ဒီက ၂ နေရာ ထပ်နိုင်ရုံနဲ့ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီ အနေနဲ့ တစ်ပါတီတည်း အစိုးရ ဖွဲ့နိုင်ဖို့ လုံးဝ စိတ်ချသွားရတဲ့ အခြေအနေကို တွေ့နေရပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ