လွှတ်တော်သစ် အခင်း အကျင်း ဘယ်လို ဖြစ်လာမလဲ

  • 12 နိုဝင်ဘာ 2015
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption ကြံ့ခိုင်ရေး ပါတီ လွှမ်းမိုးတဲ့လွှတ်တော်ကနေ NLD လွှမ်းမိုးတဲ့ လွှတ်တော် ဖြစ်လာ လိမ့်မယ်

ရွေးကောက်ပွဲရလဒ် အပြည့်အစုံကို ကြေညာလို့ မပြီးသေးပေမဲ့ လက်ရှိ ကြေညာ ပြီးသမျှနဲ့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေက အတည်ပြုထားတဲ့ ရလဒ်တွေ အရ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရနေပါတယ်။

ဒါကြောင့် လာမယ့် လွှတ်တော်သစ်မှာ အန်အယ်ဒီ ပါတီ အဓိကလွှမ်းမိုးပြီး ၂၅ ရာခိုင်နှုန်း နေရာယူထားပြီးသား တပ်မတော် ကိုယ်စားလှယ်တွေနဲ့ ကျန်တဲ့ နေရာတွေမှာတော့ တခြား အတိုက်အခံတွေ ရှိမှာ ဖြစ်ပါတယ်။

ဒီတော့ ပါလီမန်တွင်း နိုင်ငံရေး ချိန်ခွင်လျှာက ပြောင်းပြန် ဖြစ်သွားနိုင်တယ်လို့ ရခိုင်ပြည်နယ်အတွက် လက်ရှိ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

တိုင်းရင်းသားတွေရဲ့ အခန်း ကဏ္ဍကတော့ လက်ရှိ လွှတ်တော်ထက် နည်းသွားမယ်လို့ သူက ပြောပါတယ်။

လာမယ့် ၂၀၁၆ မှာ လွှတ်တော် အခင်းအကျင်းကို ပုံဖော်ဖို့ မဟာဗျူဟာ ချတဲ့ အခါ တိုင်းရင်းသား နယ်မြေတွေကိုပါ ထိုးဖောက်ပြီး ရွေးကောက်ပွဲကို ဝင်ခဲ့တဲ့ အတွက် ရှမ်းနဲ့ ရခိုင် ပါတီတို့ကလွဲရင် တိုင်းရင်းသားပါတီတွေ အတော်မျာများ ပြည်ထောင်စု လွှတ်တော်မှာရော ပြည်နယ် လွှတ်တော်မှာပါ ဆုံးရှုံးခဲ့တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

အခုလွှတ်တော်မှာ ဒီမိုကရေစီရေး၊ လူ့ အခွင့် အရေး၊ တိုင်းရင်းသား အခွင့် အရေးနဲ့ ဖွဲ့စည်ပုံ ပြင်ဆင်ရေးကို အတိုက်အခံတွေက တောင်းဆို တာကို တပ်မတော်နဲ့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကာကွယ်နေကြတယ်လို့ သူက ပြောပါတယ်။

လာမယ့် လွှတ်တော်မှာတော့ တပ်မတော်နဲ့ တိုင်းရင်းသား ပါတီတွေက အချုပ် အခြာ အာဏာကို ကာကွယ်ကြမှာ ဖြစ်ပြီး NLD ပါတီက လူ့ အခွင့် အရေး ပေတံနဲ့ တိုင်းတာမယ်၊ ကမ္ဘာ့ ဖိအားတွေအောက်မှာ နိုင်ငံသား ဖြစ်မှု ဆိုတဲ့ နေရာမှာ နိုင်ငံတကာစံနဲ့ အရာရာကို ဦးစားပေးရလိမ့်မယ်လို့ ဆိုပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ တပ်မတော်ကို ဖျောင်းဖျဖို့ အတွက် တိုင်းရင်းသား ပါတီတွေက ကြားခံ ဆောင်ရွက်ပေးတာမျိုး ဖြစ်လာလိမ့်မယ်လို့လည်း ဒေါက်တာ အေးမောင်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ