အန်အယ်လ်ဒီ တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ပြီ

  • 13 နိုဝင်ဘာ 2015

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန် ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်ပေါင်း အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၃၆၉ ဦး ရှိနေပြီ ဖြစ်တာကြောင့် အစိုးရဖွဲ့ရန် လိုအပ်တဲ့ ကိုယ်စားလှယ်ထက် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

တပါတီတည်း အစိုးရဖွဲ့နိုင် ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် (၃၂၉) ဦး လိုအပ်တာ ဖြစ်ပါတယ်။

လက်ရှိအာဏာရ အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၂၈ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာ သာရရှိထားပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ