အစာငတ်ခံ ဆန္ဒပြနေသူတွေ ဆေးရုံ တင်ထားရ

  • 13 နိုဝင်ဘာ 2015
Image caption အစာငတ်ခံ ဆန္ဒပြသူ တွေ ဆေးရုံ တင်ထားရ

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အတွက် သာယာဝတီ အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြ တောင်းဆို နေကြတဲ့ ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း နဲ့ ကိုမျိုးမြတ်စံ တို့ နှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွား လာတာကြောင့် ရန်ကုန် ဆေးရုံ ကြီးကို အရေးပေါ် တင်ပို့ ထားရပါတယ်။

ကိုအောင်မှိုင်းဆန်း နဲ့ ကိုမျိုးမြတ်စံ တို့ ၂ ဦးဟာ အခြေအနေ ဆိုးရွား နေပေမဲ့ အစာငတ်ခံ ဆန္ဒပြမှုကို နောက်ဆုတ်မှာ မဟုတ်ကြောင်း နဲ့ ဆေးရုံကို တင်ပို့ခဲ့ပေမဲ့ မိသားစု ဆီကို အကြောင်းကြားမှုမျိုး မလုပ်ခဲ့ဘူးလို့ ကိုအောင်မှိုင်းဆန်း ရဲ့ ဇနီးဖြစ်သူ မလဲ့လဲ့နွယ်က ဘီဘီစီ ကို ပြောပါတယ်။

တရားရုံး ထုတ်စဉ်သွေးဝမ်း သွားလို့ ဆေးရုံ တင်ခဲ့ရတဲ့ ကိုဖြိုးဓန ရဲ့ အခြေအနေ ကောင်းမွန်လာပြီ ဖြစ်ပြီး မြင်းခြံထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုစိုးလှိုင်နဲ့ ကိုစည်သူမြတ် တို့ကတော့ ထောင်အာဏာ ပိုင်တွေက ဖိအားပေး တာကြောင့် ဆန္ဒပြတာ ကို ရပ်တန့် လိုက်ပြီ ဖြစ်ပါတယ်။

ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြပြီး နောက်မှာ အကျဉ်းထောင် အသီးသီးကနေ သူ့ကို ထောက်ခံ ဆန္ဒပြသူ ၁၅ ယောက် ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ ၇ ယောက် လောက်ပဲ ကျန်တော့ကြောင်း သိရှိရပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျောင်းသား ခေါင်းဆောင်တွေ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုဟာ ရက် ၂၀ ကျော်ပြီ ဖြစ်ပေမဲ့ အာဏာပိုင်တွေ ဘက်က တစ်စုံတစ်ရာ ဆောင်ရွက်တာမျိုး အခုချိန်ထိ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ