မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို အမေရိကန် နာမည်ပျက်စာရင်း သွင်း

_north_korea_parade
Image caption သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထား။

အမေရိကန် ရဲ့ ဘဏ္ဍာ အခွန် ဝန်ကြီး ဌာန က မြန်မာ နိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ် Kim Sok Chol ကို နာမည်ပျက် စာရင်း ထဲ ထည့် သွင်း လိုက် ပါတယ်။

သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထားပါတယ်။

Komid ကုမ္ပဏီဟာ မြောက်ကိုရီးယား အစိုးရပိုင် သတ္တု တူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး အမေရိကန် ကတော့ မြောက်ကိုရီးယား ရဲ့ ထိပ်ဖူးတပ် ဒုံးကျည် နဲ့ ပတ်သက်တဲ့ ပစ္စည်း တွေ အပါအဝင် တခြား စစ် လက်နက် ပစ္စည်း အမျိုးစားတွေ အမြောက်အများ ထုတ်လုပ် တင်ပို့ရာမှာ အဓိက နေရာ က ရှိတဲ့ အဖွဲ့အစည်း အဖြစ် ယူဆ ထားတာ ဖြစ်ပါတယ်။

ဒီ တခေါက် အမည်ပျက် စာရင်းထဲမှာ မြန်မာပြည် ဆိုင်ရာ သံအမတ် နဲ့ အတူ Komid ကုမ္ပဏီ က နောက်ထပ် အရာ ရှိ ၂ ဦး လည်း ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ