၂၀၁၅ ရွေးကောက်ပွဲ မဲရလဒ် နောက်ဆုံးရလဒ်

  • 14 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး မဲရလဒ်တွေအရ NLD ပါတီက အစိုးရဖွဲ့နိုင်တော့မယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်ကို နိုဝင်ဘာလ ၁၅ရက်နေ့မှာ အပြီးသတ် ထုတ်ဖော် ကြေညာမှာ ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် ၃၂၃နေရာမှာ ၃၁၅ နေရာ ကြေညာခဲ့ပြီး ဖြစ်တဲ့အတွက် ၈နေရာ ကြေညာဖို့ လိုနေသေးသလို အမျိုးသား လွှတ်တော် ၁၆၈ နေရာမှာ ၁၆၃ နေရာ ကြေညာပြီး ဖြစ်တာကြောင့် ၅နေရာ ကြေညာဖို့ ကျန်နေပါသေးတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာတော့ ၆၃၀ နေရာမှာ ၆၁၂ နေရာ ကြေညာပြီး ဖြစ်တာမို့ ၁၈ နေရာ ထပ်ကြေညာဖို့ ကျန်ပါသေးတယ်။

လက်ရှိ ကြေညာခဲ့ပြီးသမျှ မဲရလဒ်တွေအရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၇၈ ရာခိုင်နှုန်း၊ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၉ ရာခိုင်နှုန်း၊ SNLD ကျားခေါင်းခေါ် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၄ ရာခိုင်နှုန်းနဲ့ တခြား ပါတီတွေက ၇ရာခိုင်နှုန်း ထောက်ခံမဲ ရထားပြီး ကြေညာဖို့ ၂ ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်။

အမျိုးသား လွှတ်တော်မှာ NLD က ၈၀ ရာခိုင်နှုန်း၊ USDP က ၁၁ ရာခိုင်နှုန်း၊ တခြား ပါတီတွေက ၁၀ ရာခိုင်နှုန်း ရထားပြီး အပြီးသတ် ကြေညာဖို့ ၃ရာခိုင်နှုန်း ကျန်နေသေးပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ NLD က ၇၅ ရာခိုင်နှုန်း၊ USDP က ၁၁ ရာခိုင်နှုန်း၊ SNLD က ၄ ရာခိုင်နှုန်း ရထားပြီး ကြေညာဖို့ ၃ရာခိုင်နှုန်း ကျန်နေသေးပါတယ်။