IS အဖွဲ့လက်ချက်လို့ ပြင်သစ်သမ္မတပြော

  • 14 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption IS အဖွဲ့လက်ချက်လို့ ပြင်သစ်သမ္မတ ဖရန်ဆွိုင်အော်လန်ဒီ စွပ်စွဲ

ပြင်သစ်နိုင်ငံ ပဲရစ်တိုက်ခိုက်ခံရမှုဟာ IS အဖွဲ့လက်ချက်ကြောင့်လို့ ပြင်သစ်သမ္မတ ဖရန်ဆွိုင်အော်လန်ဒီက ပြစ်တင်ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို IS အဖွဲ့ကစီစဉ်ညွှန်ကြားပြီး အတွင်းနဲ့အပြင်ချိတ်ဆက်ကာ စစ်ပွဲတစ်ပွဲ အသွင်ဖန်တီးခဲ့တာဖြစ်တယ်လို့ပြင်သစ်သမ္မတကအတည်ပြုခဲ့ပါတယ်။

တိုက်ခိုက်မှုမှာအကြမ်းဖက်သမားတွေဘက်က သေနတ်သမား၈ဦးနဲ့ အသေခံဗုံးခွဲသမားတွေကို အသုံးပြုပြီး နေရာ၅နေရာမှာ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ၁၂၇ကျော်သေဆုံးပြီး ၁၈၀ကျော်ဒဏ်ရရှိထားပြီးဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံအတွင်း အရေးပေါ်အခြေနေကြေညာထားရပြီး နိုင်ငံတော်တစ်ဝှမ်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ရက်ပြုလုပ်ဖို့အစိုးရကကြေညာထားပါတယ်။

လူရာနဲ့ချီသေဆုံးခဲ့တဲ့ ပဲရစ်မြို့တိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့ကကိုယ်တိုင်က တရားဝင်ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

အာရပ်၊ ပြင်သစ် နဲ့ အင်္ဂလိပ်လို ရေးထားတဲ့ IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ က ကြေညာချက်မှာ သူတို့က ပြင်သစ်ကို စစ်ကြေညာတာလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို လူ ၈ ဦးက လုပ်ဆောင်ခဲ့တာလို့ ပြောပေးမယ့် အသေးစိတ်ကိုတော့ မပြောထားပါဘူး။