ဆိုးလ်ဆန္ဒပြပွဲ မီးသတ်ပိုက်သုံးပြီးနှိမ်နင်း

  • 14 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့မီးသတ်ပိုက်တွေသုံးပြီး နှိမ်နင်းခဲ့

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က လူသိန်းနဲ့ချီပါဝင်တဲ့ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့မီးသတ်ပိုက်တွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။

ဆိုးလ်မြို့ရဲ့ အဓိကလမ်းမကြီးတွေပေါ်မှာလုပ်တဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွန်ဟူနူတ်ထွက်ရေး တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူအချို့က တောင်ကိုရီးယားနိုင်ငံရဲ့အလုပ်သမားနဲ .စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲဖို့ကို လည်းတောင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံလက်ရှိသမ္မတ ပါ့ခ်ဂွန်ဟူဟာ လွန်ခဲ့တဲ့ ၂နှစ်က တောင်ကိုရီးယားနိုင်ငံရဲ ့ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

သူချမှတ်ခဲ့တဲ့ အလုပ်သမားစီမံကိန်းတွေဟာ အလုပ်ရှင်တွေဘက်ကို ဦးစားပေးလွန်းတယ်ဆိုပြီး အလုပ်သမားအများစုက မကျေနပ်ဖြစ်နေကြပါတယ်။