အစာငတ်ခံ ကျောင်းသားတွေ ကို ဒေါ်စု မေတ္တာရပ်

  • 15 နိုဝင်ဘာ 2015
aung mhai san
Image caption အစာငတ်ခံ တဲ့ ဗကသ ကျောင်းသားတချို့

အစာ ငတ်ခံ ဆန္ဒပြ နေတဲ့ ဗကသ ကျောင်းသား တွေရဲ့ ကျန်းမာရေး အတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ဗဟို ကော်မတီ ဝင် ဦးဝင်းထိန် ကို ရန်ကုန် ဆေးရုံကြီးကို စနေ နေ့ညက စေလွှတ် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် က ဒီလို အကူးအပြောင်း ကာလ မှာ မီးစတစ ဖြစ်မှာ စိုးရိမ်တဲ့ အတွက် အစာငတ်ခံ တိုက်ပွဲဝင်မှု ကို ရပ်တန့်ဖို့ မေတ္တာ ရပ်ခံကြောင်း ဦးဝင်းထိန် နဲ့ တွေ့ဆုံခဲ့တဲ့ ရန်ကုန် ဆေးရုံပေါ်မှာ အစာငတ်ခံ ဆန္ဒပြ နေဆဲ ဖြစ်တဲ့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

တိုက်ပွဲ ကို ရပ်တန့်ဖို့ အမိန့် ပေးတာ မဟုတ်ဘဲ စဉ်းစားပြီး မှ ဆက်လုပ် စေချင်ကြောင်း ဦးဝင်းထိန်က ပြောကြား သွားတယ်လို့လည်း သိရပါတယ်။

ကိုအောင်မှိုင်းဆန်း က သူလိုလားတဲ့ အကန့်အသတ် ကာလ တခု ကို ရောက်တဲ့ အထိ ဆက် တိုက်ပွဲဝင်မှာ ဖြစ်ပြီး ဒီကာလကို ရောက်ဖို့ မလိုတော့ ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆီ အကြောင်း ပြန်ခဲ့တယ် လို့ ဆို ပါတယ်။

အစာအိမ်နာ ကြောင့် ကိုဖြိုးဓန ချစ်လင်းသိုက် ဆေးဝါး ကုသမှု အပြည့် ခံယူနေတာ ရှိပြီး ကိုအောင်မှိုင်းဆန်း နဲ့ ကိုမျိုးမြတ်စံ တို့က ဆေးရုံပေါ်မှာ ဆက်ပြီး အစာငတ်ခံ နေဆဲ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

NLD က နိုင်ငံရေး အကျဉ်းသားတွေနဲ့ စပ်လျဉ်း ပြောကြား သွားတာ မရှိဘူး လို့လည်း ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ