သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေ တွေ့ဆုံ

  • 15 နိုဝင်ဘာ 2015
Image caption တာဝန်လွှဲမှု ချောမွေ့စေဖို့ သမ္မတ ကတိပေးခဲ့

နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီ ၈၀ ကျော်က ခေါင်းဆောင် တွေနဲ့ တွေ့ဆုံပွဲကို ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံ ပွဲမှာ သမ္မတ ဦးသိန်းစိန်က ကျန်ရှိနေသေးတဲ့ အစိုးရ သက်တမ်း အတွင်းမှာ အစိုးရသစ်ကို တာဝန် လွှဲပြောင်းမှုကို သတ်မှတ်ချိန် အတွင်း စနစ်တကျ လွှဲပြောင်းပေးမှာ ဖြစ်ကြောင်း ပြေကြားခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး စိုးရိမ်မှု မရှိကြဖို့ ၊ တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး ချောချောမွေ့မွေ့ ဆောင်ရွက် သွားမဲ့ အကြောင်းကိုလည်း ထပ်လောင်း ကတိပေး ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဟာ နိုင်ငံရေး ပါတီတွေ ရဲ့ အခန်း ကဏ္ဍဟာ အရေးကြီးပြီး ပါတီတွေ အပေါ်မှာလည်း မူတည် ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဗဟို အလုပ်မှုဆောင် ဦးဥာဏ်ဝင်း ကလည်း ပါတီရဲ့ မူဝါဒ ဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေ မူဝါဒနဲ့ အညီ ရှေ့ ဆက်လုပ်မဲ့ လုပ်ငန်းတွေမှာလည်း ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆက်လက် လုပ်ကိုင် သွားမဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။

နိုင်ငံရေး ပါတီတွေ ဘက်ကလည်း ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကျောင်းသား ခေါင်းဆောင်တွေ အစာငတ်ခံ ဆန္ဒပြ တောင်းဆို နေတာတွေ နဲ့ ပါတ်သက်လို့ အပြန်အလှန် ဆွေးနွေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ