ရွေးကောက်ပွဲအပြီး နောက်ဆက်တွဲ ဂယက်တွေထွက်ပေါ်နေ

  • 17 နိုဝင်ဘာ 2015
election ဓာတ်ပုံ မူပိုင် AP
Image caption ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ၊ ကော်မရှင် အဖွဲ့ဝင် တွေ က ဘယ်လိုဘယ်ပုံ မဲပေးရမယ် ဆိုပြီး ရွာသားတွေ အပေါ် ဖိအားပေး။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆီကနေ ရွေးကောက်ပွဲ ရလာဒ်တွေ တရားဝင် ပေါ်ထွက် လာခဲ့တဲ့ နောက် အခုဆို ပြိုင်ဘက် နိုင်ငံရေး ပါတီ တွေ အကြား သက်ဆိုင်ရာ အာဏာပိုင်တွေ ထံ မဲ မသမာမှု နဲ့ စွပ်စွဲ တိုင်ကြားတာတွေ၊ အမှုဖွင့် တရားစွဲတာ တွေ လိုမျိုး နောက်ဆက်တွဲ ဂယက်တွေ ဖြစ်ပေါ် နေပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းပြင်း မြို့နယ်မှာ ဆိုရင် ကြံ့ခိုင်ရေး ပါတီ က မဲရုံ ၄ ရုံ စလုံးမှာ အနိုင် ရသွားတာဟာ မဲ မသမာမှုတွေ ရှိခဲ့လို့ ဆိုပြီး ကျန် ကိုယ်စားလှယ်လောင်း ၁၂ ယောက် ကနေ စုပေါင်း လက်မှတ် ထိုးကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြား ထားပါတယ်။

ရွေးကောက်ပွဲ နေ့ မှာ ထည့်ကြတဲ့ မဲ တွေ ကို ရေတွက် တဲ့ အခါ NLD ပါတီ က ၁၀ မဲ ရရင် ကြံ့ခိုင်ရေး ပါတီ က ၁ မဲ အချိုးစား ရှိပြီး၊ ကြိုတင် မဲ တွေ မှာတော့ ကြဲခိုင်ရေး ၁၀ မဲ NLD ၁ မဲ ပြောင်းပြန် ဖြစ်သွားတဲ့ အပေါ် သံသယ ဝင် ကြတာ ဖြစ်တယ် လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ စောလစိုး က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် မဲ ပေးအပြီး ဒေသခံ ကျေးရွာတွေ ဆီကနေ ကောက်ယူ ကြည့်တဲ့ စစ်တမ်းတွေ အရ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ၊ ကော်မရှင် အဖွဲ့ဝင် တွေ က ရွာသားတွေ အပေါ် ဘယ်လိုဘယ်ပုံ မဲပေးရမယ် ဆိုတဲ့ ဖိအားပေးမှု တွေ ရှိကြောင်း တွေ့ရတယ် လို့လည်း စောလစိုး က ပြောပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မှာ ဆိုရင်လည်း ရခိုင်အမျိုးသားပါတီက အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကို ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ် က တရား စွဲဆိုထား ပါတယ်။

နေပြည်တော် ဒက္ခိဏသီရီ မြို့နယ် မှာတော့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ NLD ပါတီ ကိုယ်စားလှယ်ကို မဲရုံမှူးက မဲရုံအတွင်း နှောင့်ယှက်မှုနဲ့ အမှုဖွင့် ထားသလို၊ NLD ဘက်ကလည်း မဲရုံမှူး နဲ့ ကော်မရှင် အဖွဲ့ဝင် တစ်ယောက်ကို မဲရုံအတွင်းမှာ မဲဆွယ်တယ် လို့ စွပ်စွဲပြီး ရဲစခန်းမှာ ပြန် အမှုဖွင့်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ