ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွေ လွှတ်တော် တင်

  • 18 နိုဝင်ဘာ 2015
hluttaw
Image caption အစိုးရ သက်တမ်း ကုန်ခါနီးမှာ တင်သွင်း

အစိုးရ သက်တမ်း ကုန်ခါနီးမှာ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု ဥပဒေ နဲ့ မြန်မာ နိုင်ငံသား များ ရင်းနှီး မြှုပ်နှံမှု ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို နိုဝင်ဘာလ ၁၈ ရက်က ပြည်သူ့ လွှတ်တော် ကို တင်ပြ လာ ပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက် အတည်ပြု ပြဋ္ဌာန်း ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို ပြင်ဆင်ဖို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်ရေး ဝန်ကြီးဌာနက လွှတ်တော် ကို တင်ပြ လာခဲ့တာပါ ။

လက်ရှိ ဥပဒေ အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နဲ့ပတ်သက်တဲ့ လုပ်ငန်း အားလုံး ကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မတီ ထံ တင်ပြရပါတယ် ။

ကော်မတီရဲ့ ခွင့်ပြုချက်ရ မှသာ ဆောင်ရွက်ခွင့် ရကြပါတယ် ။

အစိုးရသက်တမ်း ကုန်ခါနီး မှ ရင်းနှီးမြှုပ်နှံမှု နဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြည်နယ် တိုင်းဒေသကြီး တွေကို လုပ်ပိုင်ခွင့် ပေးဖို့ ပြင်ဆင် လာတာ ဟာ ပိုမို ရှုပ်ထွေးအောင် လုပ်တဲ့ သဘောမျိုး ဖြစ် တယ်လို့ စီးပွားရေး လုပ်ငန်းရှင် အချို့က ဝေဖန်ကြ ပါတယ် ။

မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု နဲ့ပတ်သက်ပြီး ဥပဒေ နှစ်ခု ဖြစ်နေတဲ့အတွက် ပေါင်းပြီး တခုထဲ ပြဋ္ဌာန်းဖို့ ပညာရှင်တွေက အကြံပြု ခဲ့ပါတယ် ။

အဲဒီ အတွက် တခုထဲ ပြဋ္ဌာန်းဖို့ ဥပဒေကြမ်း ရေးဆွဲ ခဲ့ပေမယ့် အဲဒီဥပဒေ လွှတ်တော်ထဲ ရောက်မလာဘဲ လက်ရှိ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း သာ လွှတ်တော် ထဲ ရောက်လာခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ