အန်အဲလ်ဒီရဲ့ တရုတ် ပေါ်လစီ

  • 18 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံ ရေးဟာ အဝေးနို င်ငံတွေ ထက် ပိုပြီး သိမ်မွေ့တယ်လို့.....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးက နေပြည်တော် တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ရုံးခန်းမှာ နိုဝင်ဘာလ ၁၈ ဗုဒ္ဓဟူးနေ့ မှာ တွေ့ဆုံခဲ့ ပါတယ်။

အင်္ဂါနေ့ ကတော့ ဆင်ဟွာ Xinhwa သတင်း ဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ တကာနဲ့ ဆက်ဆံ ရေးကို လွတ်လပ်ရေး ရပြီး ကတည်းက မြန်မာ နိုင်ငံက တောက်လျှောက် ကျင့်သုံး ခဲ့တဲ့ မူဝါဒ အတိုင်း ဆက်လက် ကျင့်သုံး သွားမယ်လို့ ပြောပါတယ်။

နောက်ပြီး အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံ ရေးဟာ အဝေးနို င်ငံတွေနဲ့ ဆက်ဆံ ရေးထက် ပိုပြီး သိမ်မွေ့တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သွားခဲ့ ပါတယ်။

ဒီတော့ အန်အဲလ်ဒီရဲ့ မူဝါဒဟာ တရုတ်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှု ရှိလာ နိုင်မလာ ဆိုတာ ကိုတော့၊ ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် က အန်အဲလ်ဒီ ကို မဲပေး ထားတဲ့ ပြည်သူတွေ အတွက် အဓိကထား ချမှတ် သွားရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ မြန်မာ အစိုးရထက် အနောက် နိုင်ငံတွေနဲ့ ပိုမို နီးစပ်သူ ဖြစ်တဲ့ အတွက် တရုတ် ဘက်က စိုးရိမ် ပူပန်မှုတွေ ရှိနိုင် တယ်လို့လည်း သုံးသပ်သူ တချို့က ရှုမြင်ကြ ပါတယ်။