ဂါဝန်ရှည် အောက်နားက စေတီပုံကြောင့် ဗီယက်နမ် လေကြောင်းလိုင်း တောင်းပန်

  • 20 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Vietnam Airlines
Image caption စေတီပုံကြောင့် ဗီယက်နမ်လေကြောင်းလိုင်း တောင်းပန်ခဲ့

ဗီယက်နမ် လေကြောင်းလိုင်း မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံရှင် မော်ဒယ် အမျိုးသမီးရဲ့ ဂါဝန် အောက်အနားမှာ စေတီ ဘုရားပုံ ပါရှိခဲ့မှုနဲ့ ပတ်သက်ပြီး လေကြောင်းလိုင်းက တောင်းပန် လိုက်ပါတယ်။

အဲဒီ မဂ္ဂဇင်း မျက်နှာဖုံးဟာ ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံက ဖေ့စ်ဘွတ်၊ တွစ်တာ စတဲ့ လူမှု ကွန်ရက် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

ဗီယက်နမ် လေကြောင်းလိုင်း မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဗီယက်နမ် အမျိုးသမီး တစ်ယောက်က ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားပြီး ဂါဝန်ရှည် အောက်အနားမှာ ရွှေတိဂုံ စေတီ ပုံရိပ်ကို ထည့်သွင်း ထားတာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းက ထုတ်ပြန်တဲ့ တောင်းပန်စာမှာ လူအများ ယုံကြည် ကိုးကွယ်ရာ တစ်ခုကို အလေးအနက် မထားမိသလို ဖြစ်ခဲ့ရမှုအတွက် တောင်းပန်ကြောင်းနဲ့ မဂ္ဂဇင်းတွေကိုလည်း ပြန်လည် သိမ်းယူခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ