အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပနေ

asean_obama_thein_sein
Image caption မြန်မာ နိုင်ငံ မှာ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ် ကို အသိအမှတ် ပြုပြီး အေးအေးချမ်းချမ်း နဲ့ အသွင် ကူးပြောင်း နိုင်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမယ်။

မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ မှာ အာဆီယံ အဖွဲ့ ရဲ့ ၂၇ ကြိမ်မြောက် ထိပ်သီး ညီလာ ခံ ကိုနိုဝင်ဘာ ၂၁ ရက် စနေနေ့ က စပြီး ကျင်း ပ နေပါတယ်။

အဲဒီ အာဆီယံ ထိပ်သီး ညီလာခံကို မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက် နေပြီး ဖွင့်ပွဲ နေ့ မိန့်ခွန်းထဲ မှာ မြန်မာ နိုင်ငံ မှာ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ် ကို အသိအမှတ် ပြုပြီး အေးအေးချမ်းချမ်း နဲ့ အသွင် ကူးပြောင်း နိုင်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမယ့် အကြောင်း ထည့်သွင်း ပြောဆို ခဲ့တယ် လို့ မြန်မာ နိုင်ငံ ပြန်ကြားရေး ဌာန က သတင်း ထုတ်ပြန် ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားလည်း အာဆီယံ ညီလာခံ ကို တက်ရောက်ဖို့ ကွာလာလမ်ပူ ကို ရောက်နေပြီး စနေနေ့ က မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် နဲ့ သီးခြား စကား ပြောဆို ခဲ့တာ မှာ အမေရိကန် အနေနဲ့ အစ္စလာမ်မစ် အစွန်းရောက် တွေ ကို ထိထိ ရောက်ရောက် ကိုင်တွယ် မှာ ဖြစ်တဲ့ အတွက် အစွန်းရောက် အတွက် လုံခြုံရာ ရနေတဲ့ နေရာ ဆိုတာ မရှိ စေရ ဘူး ဆိုပြီး ကတိပေး ပြောဆို ခဲ့ ပါတယ်။

မွတ်ဆလင်မ် အများစု တိုင်းပြည် ဖြစ်တဲ့ မလေးရှား နိုင်ငံရဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ကလည်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို မကောင်းဆိုးရွား မိစ္ဆာ တွေ ဆိုပြီး ခိုင်းနှိုင်း ပြောဆို ခဲ့ ပါတယ်။

သမ္မတ အိုဘားဟာ ကွလာလမ်ပူ မြို့တော် မှာ ဒုက္ခသည် ကလေး ငယ် တွေ အတွက် ဖွင့်လှစ် ထားရှိရာ စာသင်ကျောင်း ကိုလည်း သွားရောက်ခဲ့တာ မှာ အဲဒီကျောင်းမှာ မြန်မာ နိုင်ငံ က လာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်မ် ဒုက္ခသည် ကလေး ငယ် အများအပြားလည်း တက်ရောက် နေပါတယ်။

သမ္မတ အိုဘားမား က ကလေး သူငယ် တွေ ဆိုတာ ရိုဟင်ဂျာ က လေး တွေပဲ ဖြစ်ဖြစ် အမေရိကန် က လေးတွေ ပဲ ဖြစ်ဖြစ် ဘယ်လို မှ ခွဲခြား လို့ မရနိုင်ဘူး၊ ကွဲပြား မနေဘူး လို့ ပြောခဲ့ ပါတယ်။

နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေ နေ့ မှာတော့ အာဆီယံ နိုင်ငံ တွေ အပါအဝင် တခြား အာရှ ပစိဖိတ် ဒေသ နိုင်ငံ တွေ ပါ စုစုပေါင်း ၁၈ နိုင်ငံ ပါဝင် တဲ့ ညီလာ ခံ ကို လည်း သမ္မတ အိုဘားမား တက်ရောက် ဖို့ ရှိပါတယ်။

အဲဒီ့ နိုင်ငံတွေ ထဲက ဩစတြေးလျ၊ ဘရူနိုင်း၊ ဂျပန်၊ နယူးဇီလန်၊ စင်္ကာပူ၊ ဗီယက်နမ် နဲ့ မလေးရှား နိုင်ငံ တွေ ဟာ အိုးဘားမား အစိုးရ ရဲ့ ကြိုးပမ်းမှု နဲ့ ဖွဲ့စည်း နိုင်ခဲ့တဲ့ ပစိဖိတ် တလွှား ပူးပေါင်း ဆောင်ရွက်ရေး TTP လွတ်လပ် ကုန်သွယ် ဇုံ ကြီးထဲ မှာ ပါဝင် ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ