ဖားကန့်မြေပြိုမှု သေဆုံးသူ ရာဂဏန်း နီး

  • 23 နိုဝင်ဘာ 2015
hpakant_lanslide
Image caption အလောင်းတွေ ရာဂဏာန်း နီးပါး ပြန်လည် ရရှိထား။

မြန်မာ နိုင်ငံရဲ့ ကျောက်စိမ်း အဓိက တူးဖော် ထုတ်လုပ်ရာ ဒေသ ဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသမှာ စနေနေ့ မနက် အစောပိုင်းက ဖြစ်ပေါ် ခဲ့တဲ့ မြေပြိုမှု ကနေ အလောင်းတွေ ရာဂဏန်း နီးပါး ပြန်လည် ရရှိထားပြီး ပျောက်ဆုံးနေသူ အများအပြား ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ကျောက်စိမ်း မိုင်းတွင်းရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျခဲ့တဲ့ အတွက် ကျောက်စိမ်း အစအန လိုက်လံ ရှာဖွေသူတွေ နဲ့ အနီးတဝိုက် ပျံကျ နေထိုင်ကြတဲ့ စျေးသည်တွေ အများစု အခုလို အဖြစ်ဆိုး ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေဆဲ အရေအတွက် ခန့်မှန်းခြေ ၁၀၀ နီးပါးကို အသက်ရှင်လျက် ပြန်တွေ့ရဖို့ မျှော်လင့်ချက် နည်းပါးနေပြီ လို့ ဒေသခံ အာဏာပိုင်တွေက ပြောတယ် ဆိုပြီး ရိုက်တာ သတင်း တစ်ပုဒ်မှာ ဖော်ပြ ထားပါတယ်။

ကျောက်စိမ်း တူးတဲ့ ကုမ္ပဏီတွေရဲ့ စွန့်ပစ် မြေစာပုံ ပြိုကျမှု တွေ ကြောင့် လူ အသေအပျောက် ဖြစ်ရတာ တွေ ဟာ ဖားကန့်မှာ တွေ့ရလေ့ ရှိနေခဲ့ ပေမယ့် စနစ်တကျ ထိန်းသိမ်းမှု၊ အရေးယူ ဆောင်ရွက်မှု တွေ လုပ်ဆောင်ဖို့ အာဏာပိုင် တွေ အနေနဲ့ ပျက်ကွက် နေဆဲ ဖြစ်တယ်လို့ ဒေသခံ တွေက ဝေဖန် နေကြပါတယ်။

မြန်မာ နိုင်ငံကနေ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မှာ ဆိုရင် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံ ဖိုး အထိ အောင် ကျောက်စိမ်း ထုတ်လုပ် မှု ရှိခဲ့ပြီး အဲဒီ့ ထဲက အများစုဟာ တရားဝင် စာရင်း ပေါက်မှု မရှိပဲ တရုတ် နိုင်ငံထဲ ကို ဝင်ရောက် သွား ခဲ့ကြတယ် ဆိုပြီး ကမ္ဘာ့ သယံဇာတ ထုတ်လုပ်မှု တွေကို စောင့်ကြည့် လေ့လာ နေတဲ့ Global Witness အဖွဲ့က အရင်လ ထဲကပဲ ထုတ်ပြန် ထားပါ တယ်။

အဲဒီ့ ကျောက်စိမ်း စီးပွားရေး ကို ထိပ်တန်း စစ်ဘက် အာဏာပိုင်တွေ၊ မူးယစ်ရာဇာ တွေ နဲ့ ခရိုနီ စီးပွား ရေး သမားတွေ က ထိန်းချုပ် ထားတာ ဖြစ်တယ် ဆိုပြီးတော့လည်း Global Witness အဖွဲ့ရဲ့ စွပ်စွဲမှု တွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ