ဖားကန့် မြေစာပုံ ပြိုကျမှု လူ ၉၀ ကျော် သေဆုံး

  • 22 နိုဝင်ဘာ 2015
Image caption ဖားကန့် မြေစာပုံ ပြိုကျမှု ၉၀ ကျော် သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေက စွန့်ပစ်ခဲ့တဲ့ မြေစာပုံ ပြိုကျမှုအတွင်း လူ အများ အပြား သေဆုံးခဲ့ပြီး ပျောက်ဆုံး နေသူ တွေလည်း ရှိနေပါတယ်။

ဖားကန့် ဒေသ ကို ရောက်ရှိခဲ့တဲ့ Global witness အဖွဲ့ကြီးရဲ့ ဒါရိုက်တာ ဖြစ်သူ မိုက် ဒေးဗစ် က မြေစာပုံ ပြိုကျ မှုနဲ့ ပါတ်သက်လို့ မြေစာပုံ ပြိုကျမှုဟာ အဲဒီ့ ဒေသမှာ အမြဲတန်း ဖြစ်နေကြောင်း ဘီဘီစီ ကို ပြောကြား ပါတယ်။

ကျောက်စိမ်း တူးဖော် ရေး ကုမ္မဏီတွေဟာ မြေစာပုံတွေကို ထိန်းချုပ်တာ၊ တာဆီးတာတွေ မလုပ်ပဲ ဘာမှ တာဝန်ခံမှုလည်း မရှိကြပါဘူး လို့ ဆက်လက် ပြောကြားခဲ့ ပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်း မှာတော့ သေဆုံး ခဲ့သူတွေထဲ ကအမျိုးသား ၉၅ ယောက် ရဲ့ အလောင်းတွေနဲ့ အမျိုး သမီး ၂ ယောက်တို့ ရဲ့ အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပြီး ပျောက်ဆုံး နေသူတွေကိုလည်း ဆက်လက် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

သေဆုံးခဲ့သူတွေဟာ မြေစာပုံ မှာ ရေမဆေးကျောက်လို့ ခေါ်တဲ့ ကျောက်စိမ်း အစအနကို ရှာဖွေ နေကြတဲ့ သူတွေ နဲ့ အဲဒီ အနားမှာ ယာယီ တဲထိုး နေထိုင် နေကြတဲ့ ဈေးသည် တွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ