ဟားခါး ပေါက်ကွဲမှု လူ ၆ ဦး သေဆုံး

  • 23 နိုဝင်ဘာ 2015
Image caption မိုးရေကြီးတုန်း ကလည်း ဟားခါးမှာ ဆိုးဆိုး ရွားရွား ဖြစ်ခဲ့

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ် ရပ်ကွက်မှာ တနင်္ဂနွေ ည ၁၀ နာရီ ကျော်က ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး လူသေ ဆုံးမှု များ ရှိခဲ့ပါတယ်။

တရား မဝင် ယမ်း သိုလှောင် ထားတဲ့ သီတာလမ်း အိမ်တစ်အိမ် ကနေ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

ဒီ ပေါက်ကွဲမှု ကြောင့် အမျိုးသား ၅ ဦး နဲ့အမျိုး သမီး တဦး စုစုပေါင်း ၆ ဦး သေဆုံး ပြီး ၇ ဦး ဒဏ်ရာ ရရှိ တယ် လို့ ချင်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါ တယ်။

ပေါက်ကွဲမှု ပြင်းထန် တာကြောင့် ဟားခါး မြို့ တမြို့လုံး ကြား ခဲ့ရပြီး သေဆုံးသူတွေ ဟာ အဲဒီ အိမ်မှာ ဧည့်အိမ်ငှား နေထိုင် ကြသူတွေ ဖြစ်ပါတယ်။

ဟားခါးမှာ အခုလို လူ သေဆုံး တဲ့ ဖြစ်ရပ်ဟာ ဒါ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ တနင်္လာနေ့ မနက်ပိုင်း ကလည်း မြန်မာ အိန္ဒိယ နယ်စပ် က ချင်းပြည်နယ် ရိခေါတာ မြို့နယ်မှာ အမှိုက်တွေ မီးရှို့ မီးလှုံ ရာ ကနေ အမှိုက် ထဲက ပေါက်ကွဲ မှု တခု ဖြစ်ပွားခဲ့ ပြီး လူ ၂ ဦး ဒဏ်ရာ ရရှိ သွားတယ် လို့ သိရ ပါတယ်။