ဖားကန့်မြေပြိုမှု သေဆုံးသူ ၁၁၀ ကျော်ပြီ

  • 23 နိုဝင်ဘာ 2015
Phakant Jade Mine ဓာတ်ပုံ မူပိုင် AFP
Image caption ဖားကန့်မှာ မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှု မကြာခဏ ဖြစ်ပွား

မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းမြေ ကချင်ပြည်နယ် ဖားကန့်မြို့မှာ နိုဝင်ဘာလ ၂၁ ရက် စနေနေ့ မနက်က မြေစာပုံ ပြိုကျခဲ့မှုကြောင့် သေဆုံးခဲ့ရသူ ၁၁၃ ယောက်ရဲ့ အလောင်းတွေကို ရှာဖွေ တွေ့ရှိထားတယ်လို့ လုံးခင်း ရဲစခန်းက ပြောပါတယ်။

၃ ရက်ကြာ ရှာဖွေမှုတွေမှာ သေဆုံးသူ အမျိုးသား ၁၁၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ရဲ့ အလောင်းတွေကို တွေ့ရှိတာ ဖြစ်ကြောင်း လုံးခင်း ရဲစခန်းမှူး ရဲအုပ် ထင်ကျော်က ဘီဘီစီကို ပြောပါတယ်။

နောက်ထပ် ပျောက်ဆုံးနေသူ ၁၀၀ ကျော်လောက် ရှိနေနိုင်သေးတယ်လို့ ခန့်မှန်းထားပြီး ရှာဖွေရေးတွေ ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

မြေစာပုံ ပြိုကျတဲ့ အန္တရာယ်က ကင်းလွတ်ခဲ့တဲ့ တဲအိမ် ၇၀ ကျော် ရှိနေသေးပြီး အဲဒီမှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ လည်း လုံးခင်း စခန်းမှူးက ပြောပါတယ်။

အခုလို လူသေဆုံးတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိတယ် ဘယ်လို အရေးယူမယ် ဆိုတာတွေတော့ အခုချိန်ထိ မသိရသေးသလို အဲဒီဒေသမှာ ကုမ္ပဏီ တွေကို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ပေးထားတဲ့ အစိုးရ သတ္ထုတွင်း ဝန်ကြီးဌာန ဘက်ကလည်း တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ