ကာကွယ်ရေး ဝန်ကြီး ဦးရွှေမန်းကို လာတွေ့

  • 23 နိုဝင်ဘာ 2015
shwe
Image caption ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ကို တနင်္လာ နေ့က တနာရီ နီးပါး လာတွေ့ခဲ့ပါတယ် ။

ကာကွယ်ရေး ဝန်ကြီးနဲ့ မတွေ့ခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးရွှေမန်းတို့ ဦးရွှေမန်းရုံး မှာ တနာရီ လောက် တွေ့ခဲ့ ကြပါတယ် ။

ဦးရွှေမန်း ကို ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ရာထူး က ဖယ်ရှားပြီးတဲ့ နောက်ပိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး တဦး ပထမဆုံး လာတွေ့တာ ဖြစ်ပါတယ် ။

အခု လွှတ်တော် အစည်းအဝေး မှာ ဖြည့်စွက် ဘက်ဂျက်နဲ့ ပတ်သက်ပြီး ဆွေးနွေး နေကြသလို ကာကွယ် ရေး ဝန်ကြီး ဌာန က ဖြည့်စွက် ဘက်ဂျက် မှာ ထပ်မံ တောင်းဆို ထားပါတယ် ။

တနင်္လာ နေ့ လွှတ်တော် မှာ ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲတွေ ကြောင့် ထွက်ပြေး လာကြတဲ့ စစ်ရှောင် ဒုက္ခသည် တွေ ပြန်လည် ထူထောင်ရေး နဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ် တဦးက အရေးကြီး အဆို တင်ခဲ့ ပါတယ် ။

ဒါနဲ့ ပတ်သက်လို့ ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဌာန က ဒုတိယ ဝန်ကြီးတွေ လာရှင်းခဲ့ပါတယ် ။

ဒါ့အပြင် ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တပတ် အတွင်းမှာ လေး ကြိမ်လောက် တွေ့ဆုံ ခဲ့ကြပါတယ် ။

ရွေးကောက်ပွဲ ကျင်းပပြီး နှစ်ရက် အကြာမှာပဲ ဒေါ်အောင်ဆန်း စုကြည်က သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက တို့နဲ့ တွေ့ဆုံဖို့ တောင်းဆို ခဲ့ပေမယ့် လွှတ်တော် နာယက တဦး သာ တွေ့ဆုံ နိုင်ပါ သေးတယ် ။

သမ္မတနဲ့ တပ်ချုပ်တို့ ဘက်က တော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေ ပြီးဆုံးမှ တွေ့ဆုံမယ် လို့ အကြောင်းပြန် ထားပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ