အမေရိကန် နဲ့ မြန်မာ့ နိုင်ငံရေး

  • 24 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် us embassy rangoon
Image caption ၈၈မျိုးဆက် အပါအဝင် အခြားသော အဖွဲ့ အစည်းတွေ အနေနဲ့ ပူးပေါင်း ပါဝင် ကြဖို့ လိုကြောင်း

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel R. Russel က ပြည်သူ လူထုရဲ့ ဆန္ဒကို ဖော်ထုတ် နိုင်ခဲ့တဲ့ ရွေးကောက်ပွဲ ငြိမ်းငြိမ်း ချမ်းချမ်း ကျင်းပ ပေးနိုင် ခဲ့တဲ့ အတွက် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အရာရှိ ကြီးတွေကို ချီးကျူး စကား ပြောဆို လိုက်ပါတယ်။

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ကို သွားရောက် တွေ့ဆုံစဉ် အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက် ပွဲဟာ အပြု သဘော ဆောင်တဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ခဲ့ပေမယ့် အမျိုးသား ရင်ကြား စေ့ရေး အပါ အဝင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ရခိုင် ပြည်နယ် အတွင်း လူသားချင်း စာနာ ထောက်ထား ရမယ့် ကိစ္စ စတဲ့ စိန်ခေါ် မှုတွေကို ဆက်လက် ကိုင်တွယ် သွားဖို့ ရှိနေ သေးတယ်လို့ လက်ထောက် နိုင်ငံ ခြားရေး ဝန်ကြီးက မီးမောင်းထိုး ပြောကြားခဲ့ ပါတယ်။

မြန်မာ နိုင်ငံသားတွေ အကျိုး အတွက် နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး အတူ လက်တွဲ ဆောင်ရွက်ကြဖို့ တိုက်တွန်းပြီး ပြုပြင် ပြောင်းလဲ ရေးမှာ အမေရိကန် က မိတ်ဖက် အဖြစ် ဆက်လက် ရပ်တည် သွားမယ်လို့ ဆိုပါတယ်။

Mr.Russel ဟာ တနင်္လာ နေ့ကလည်း ၈၈မျိုးဆက်-ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း နဲ့ တွေ့ ဆုံခဲ့ပါ သေးတယ်။

မြန်မာနိုင်ငံက လက်ရှိ စိန်ခေါ် မှုများကို ဖြေရှင်းနိုင်ဖို့ အတွက် အစိုးရ သစ်နဲ့ အတူ ၈၈မျိုးဆက် အပါအဝင် အခြားသော အဖွဲ့ အစည်း များက ပူးပေါင်း ပါဝင် သွားကြဖို့ လိုကြောင်းကို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Russel က ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ