အငြိမ်းစား ဗိုလ်ချုပ်ကြီး တွေ ခေါ်တွေ့

  • 25 နိုဝင်ဘာ 2015
min hlaing ဓာတ်ပုံ မူပိုင် AP
Image caption ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်

ရွေးကောက်ပွဲ နီးမှ တပ်က အငြိမ်းစား ယူပြီး ကြံ့ခိုင်ရေး ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တွေကို ကာကွယ်ရေး ဦးစီးချုပ် က နိုဝင်ဘာ ၂၅ ရက် က နေပြည်တော် မှာ ခေါ်တွေ့ ပါတယ် ။

ဘာတွေ ဆွေးနွေးတယ် ဆိုတာ ကိုတော့ တပ်မတော် က သတင်း မထုတ်ပြန်ပါဘူး ။

တပ် ထိပ်တန်း အရာရှိ ၁ဝဝ ကျော် လက်ရှိရာထူး တွေကို စွန့်လွှတ်ပြီး အငြိမ်းစား ယူခဲ့ကာ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ် ။

ပြည်နယ်နဲ့ တိုင်း အသီးသီး က လွှတ်တော် သုံးရပ် လုံးမှာ ဝင်ပြိုင် ခဲ့ကြပါတယ် ။

ဒီလို ရွေးကောက်ပွဲ ဝင်ခဲ့သူ ၁ဝဝ ကျော် ထဲ ကမှ ဗိုလ်ချုပ်ကြီး ၂ ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ၂ ဦးနဲ့ ဗိုလ်မှူးကြီး အချို့ သာ အနိုင်ရခဲ့ပြီး အများစု ရှုံးနိမ့် သွားခဲ့ပါတယ် ။

ကြံ့ခိုင်ရေး အနိုင်ရရင် ပြည်နယ် တိုင်း ဝန်ကြီးချုပ် တွေ ခန့်ဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး အချို့ ကို တိုင်းနဲ့ ပြည်နယ် လွှတ်တော် တွေ က ဝင်ပြိုင်စေခဲ့တယ် လို့ တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း က ဆိုပါတယ် ။

အခုလို ရှုံးနိမ့် သွားတဲ့ အတွက် တပ်မတော် အနေနဲ့ စီစဉ် ထားတဲ့ အတိုင်း ဖြစ် မလာဘူး လို့ အမေရိကန် နိုင်ငံ ဘာကလေ တက္ကသိုလ် မှာ နိုင်ငံရေး သိပ္ပံ ဘာသာရပ် ကို သင်ကြားနေပြီး မြန်မာ နိုင်ငံရေးကို ထဲထဲဝင်ဝင် လေ့လာ နေ တဲ့ ကိုမင်းဇင်က ပြောပါတယ်။

တပ်က ထိန်းချုပ် ထားတဲ့ ဝန်ကြီး ဌာနတချို့ ကို သူတို့ကို ခန့်အပ် လာဖွယ် ရှိပြီး တပ်နဲ့ ဆိုင်တဲ့ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး တွေမှာ ပါလာဖွယ် ရှိတယ် လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ ရှုံးတဲ့ ဗိုလ်မှူးနဲ့ ဗိုလ်မှူးကြီး အချို့ ကို တပ်စီးပွားရေး လုပ်ငန်း ဦးပိုင် ကုမ္ပဏီနဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း တို့မှာ ပြန်ခန့်တယ် လို့ တပ် နဲ့ နီးစပ်သူ တွေက ပြောပါ တယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ