NLD ဦးဉာဏ်ဝင်း ဂျပန်ကို တပတ်သွားမယ်

  • 25 နိုဝင်ဘာ 2015
nld ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရ

ရွေးကောက်ပွဲ အနိုင်ရ NLD ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦး ဉာဏ်၀င်း နိုဝင်ဘာ ၂၆ ရက် ညနေမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဖိတ်ကြားချက် နဲ့ ဂျပန်ကို တပတ်ကြာ သွားဖို့ ရှိပါတယ် ။

ရွေးကောက်ပွဲ အပြီး ပထမဆုံး အကြိမ် ပြည်ပ ထွက်တဲ့ ဦးဉာဏ်ဝင်းရဲ့ ဂျပန်ခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး ဂျပန်ခရီးလည်း ဖြစ်ပါတယ်။

ဂျပန်နဲ့ လက်ရှိ မြန်မာ အစိုးရကြား ဆက်ဆံရေး ရင်းနှီးသလို NLD နဲ့လည်း နွေးထွေးတဲ့ ဆက်ဆံရေး ရှိပြီး အစိုးရသစ် ဖွဲ့ပြီးရင် ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံသွားမယ် လို့ ဦး ဉာဏ်ဝင်း က ပြောပါတယ်။

ဂျပန်က အကူအညီတွေ ယူတာထက် မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု တွေ လုပ်ဖို့ တောင်းဆို သွားမယ်လို့ သိရပြီး ဒီအတွက် ရင်းနှီးမြှုပ်နှံနိုင်အောင် ပြင်ဆင် ပြုပြင် သွားမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ် အတွင်း ဂျပန်က မြန်မာ အသိုင်းအဝိုင်း တွေနဲ့ လည်း တွေ့ဆုံမှာလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ