ကုလသမဂ္ဂငြိမ်းချမ်းရေးတပ် တိုက်ခိုက်ခံရ

  • 28 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မာလီနိုင်ငံက ကုလသမဂ္ဂငြိမ်းချမ်ရေးတပ်ဖွဲ့ စခန်း

မာလီနိုင်ငံ မြောက်ပိုင်းက ကုလသမဂ္ဂငြိမ်းချမ်ရေးတပ်ဖွဲ့ စခန်းချရာ နေရာကို အစ္စလာမ်မစ်သေနတ်သမားတွေ တိုက်ခိုက်ခဲ့လို့ ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ကီဒဲလ် ဒေသမှာ ရှိတဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ စခန်းချရာနေရာကို သေနတ်သမားတွေက လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ပြင်သစ် ရဲ့ လက်အောက်ခံ နိုင်ငံဟောင်းဖြစ်တဲ့ မာလီနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက တည်ငြိမ်အေးချမ်းဖို့ လုပ်ဆောင်ရာမှာ အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့အစည်းတွေကြောင့် အခက်အခဲတွေဖြစ်နေပါတယ်။

လွန်ခဲ့တဲ့၈ရက်ကမြို့တော် ဘာမာကိုကဟိုတယ်တစ်ခုကို အစွန်းရောက်သေနတ် သမားတွေ ကဝင်ရောက်စီးနင်းခဲ့လို့ ဓါးစာခံ၁၉ ယောက်သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ