ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမတ်များတွေ့ဆုံပွဲ

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနိုင်ရ NLDလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မနက်မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ရဲ့ ဆွေမျိုးတွေကို အကူအညီ မပေးဖို့နဲ့ အကူအညီပေးခဲ့ပါက ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ တွေ့ ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေက ဘီဘီစီကိုပြောပါတယ်။ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို စောင့်ကြည့်ဖို့ အတွက် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို လည်း ဖွဲ့စည်းသွားမှာဖြစ်ကြောင်း တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အမတ်တွေ ဖွဲ့စည်းပုံဥပဒေ ပါတီစည်းမျဉ်းစည်းကမ်းတွေကို လေ့လာရမယ်။ ပါတီရံပုံငွေအတွက် ပြည် ထောင်စုအဆင့်အမတ်ကို ရတဲ့လစာထဲက (၂)သိန်းခွဲဖြတ်တောက်မယ်။ ထိပ်ပိုင်းကလူတွေကို လစာ တဝက် လောက်အထိ ဖြတ်မယ်၊ပြီးတော့ (၅)နှစ်အတွင်း ပိုင်ဆိုင်မှုတွေ အချိန်မရွေးစစ်မယ်လို့တွေ့ဆုံ ပွဲမှာပြောခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက် ခိုင်က မီဒီယာတွေကို ပြန်ပြောပြပါတယ်။