SSPP/SSA နဲ့ အစိုးရ တပ်နေရာချရေး ဆွေးနွေးမယ်

  • 30 နိုဝင်ဘာ 2015
Image caption မြောက်ဘက်မှာ SSPP/SSA နေရာ ချထားပြီး အစိုးရ တပ်က ကားလမ်း တောင်ဘက်မှာ နေရာ ချထား ဖို့.....

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အစိုးရ တပ်တွေ အကြားမှာ တိုက်ပွဲတွေ ထပ်မဖြစ်ရေး အတွက် စစ်တပ် နေရာ ချထား ရေးကို အသေးစိတ် ဆွေးနွေး ဖို့ လိုတယ်လို့ SSPP/SSA က ပြောပါတယ်။

SSPP/SSA နဲ့ အစိုးရ တပ်တွေ တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည် မြောက်ပိုင်း မိုင်းနောင်-မိုင်းရှူး ကားလမ်း မှာ နှစ်ဘက် စစ်တပ်တွေ နေရာ ချထားရေး အတွက် အဓိက ဆွေးနွေး ရမှာ ဖြစ်ပါတယ်။

မြောက်ဘက်မှာ SSPP/SSA နေရာ ချထားပြီး အစိုးရ စစ်တပ်က ကားလမ်း တောင်ဘက်မှာ နေရာ ချထား ဖို့ကို အခုလ ၂၄ ရက်နေ့က နှစ်ဘက် ဆွေးနွေးပွဲ အပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန် ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီလို တပ်နေရာ ချထား ရေးနဲ့ ပတ်သက်လို့ မြေပုံ ချပြီး အသေးစိတ် ဆွေးနွေးဖို့ လိုတယ်လို့ SSPP/SSA ကနေ အစိုးရ ဘက်ကို တနင်္ဂနွေ နေ့တုန်းက စာပေးပို့ လိုက်တာပါ။

SSPP/SSA စာပေးပို့ ထားတာကို စစ်တပ် ဘက်က လက်ခံ ရရှိ ထားပြီ ဖြစ်လို့ စစ်တပ် ကလည်း အမြန်းဆုံး တွေ့ချင် နေတယ်လို့ ငြိမ်းချမ်းရေး စဲန်တာက တာဝန် ရှိသူ တစ်ဦး က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ရက်ချိန်း အတိ အကျ ကိုတော့ မသတ်မှတ်ရ သေးဘူးလို့ ဆိုပါတယ်။