သံဃာ ၄ ပါး မိုင်းထိ

  • 1 ဒီဇင်ဘာ 2015
Refugees in Shan State ဓာတ်ပုံ မူပိုင် AFP
Image caption ရှမ်းပြည် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ အိုးအိမ်စွန့်ပြေးရ

ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းနောင်မြို့ အနီး နားကန်း ကျေးရွာအုပ်စု အတွင်းမှာ မြေမြှုပ်မိုင်းနင်းမိတဲ့ အတွက် လူ ၄ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မိုင်းနောင်မြို့နဲ့ ကပ်နေတဲ့ ကျောင်းတော် ဘုန်းကြီးကျောင်းက ဘုန်းကြီး တစ်ပါးနဲ့ ကိုရင်သုံးပါးတို့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေက ရေချိုးဖို့ အသွား လမ်းမှာ ဗုံးပေါက်ကွဲ ခဲ့တာ ဖြစ်တယ်လို့ ကျေးသီးမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် စိုင်းအွမ်ဆိုင်းမိန်းက ပြောပါတယ်။

ဗုံးထောင်တဲ့ နေရာမှာ တည့်တည့် နင်းမိတဲ့ သံဃာတော်က ခြေထောက် တစ်ခုလုံး ကြေမွသွားခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီ သံဃာနဲ့ နောက် ကိုရင် နှစ်ပါးက စိုးရိမ်၇တဲ့ အခြေ အနေ ရှိတယ်လို့ ဆိုပါတယ်။

ပုံမှန် ရေခပ်နေကျ၊ ရေသွားချိုးနေကျ ရေတွင်းဆီ အသွား မိုင်းနင်းမိတာလို့ စိုင်းအွမ်ဆိုင်းမိန်းက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ နေရာဟာ တပ်မတော် တပ်စခန်းတွေ၊ လုံခြုံရေး စခန်းတွေ ရှိတဲ့ နေရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခု မြေမြှုပ်မိုင်း ပေါက်ကွဲတဲ့နေရာက တိုက်ပွဲတွေနဲ့ ဝေးတဲ့နေရာ ဖြစ်ပြီး မိုင်းထောင်သူကို ဖေါ်ထုတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ စိုင်းအွမ်ဆိုင်းမိန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ